အမေရိကန်နိုင်ငံတွင်းက ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန် စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ထားတဲ့ အခြေအနေ

အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း တနင်္လာနေ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၆၀,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံမှာ နိုင်ငံသားတိုင်းကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အခမဲ့ ထိုးပေးမယ်
ဘယ်လ်ဂျီယံ အစိုးရက  နိုင်ငံသားတိုင်းအား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အခမဲ့ ထိုးပေးမယ်လို့ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။
Moderna ဗိုင်းရပ်စ်ကာကွယ်ဆေးက ၉၅ ရာခိုင်နှုန်းနီးပါး ထိရောက်မှုရှိဟု ဆို
အမေရိကန်ဆေးဝါး ကုမ္ပဏီဖြစ်သည့် Moderna က ၎င်းတို့ ထုတ်လုပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးမှာ ၉၄ ဒသမ ၅ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူနှင့် ထိတွေ့ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် သီးခြားခွဲနေမည်
ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူ တစ်ဦးနှင့် ထိတွေ့ခဲ့မှုကြောင့် ၎င်းအနေဖြင့် သီးခြားခွဲနေရမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ပြောသည်။
ဂျာမနီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန် စည်းမျဉ်းတွေ နောက် လေး၊ ငါး လအထိ ရှိသွားမယ်လို့ စီးပွားရေးဝန်ကြီးက သတိပေး

ဩစတြီးယားမှာ ဗိုင်းရပ်စ်ပိုး တားမြစ်ချက်ကို အထောက်အကူပြုရန် လူအမြောက်အများကို ပိုးစစ်ဆေးပေးမယ်
ဩစတြီးယားနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု တားမြစ်ရန်အတွက် ဒုတိယအကြိမ် အသွားအလာ ကန့်သတ်မှု (lockdown) တားမြစ်ချက်ကို အထောက်အကူပြုရန် လူအမြောက်အမြားကို ပိုးစစ်ဆေးပေးမယ်လို့ ဝန်ကြီးချုပ် စဘတ်စတိုင်း ကတ်ဇ် က တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။