စပိန်နိုင်ငံမှာ သီတင်းတစ်ပတ်အတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၀,ဝ၀ဝ နီးပါး ရှိပေမယ့် ဒုတိယလှိုင်း မဟုတ်ကြောင်း ငြင်းဆို
စပိန်နိုင်ငံမှာ အခုရက်ပိုင်း အတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ သိသိသာသာ များပြားနေပေမယ့် ကျန်းမာရေး ဝန်ကြီးက ဒါဟာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်း မဟုတ်ကြောင်း ကြာသပတေးနေ့က ငြင်းဆိုလိုက်ပါတယ်။







