လက်ဘနွန်နိုင်ငံက ပေါက်ကွဲမှုကို စုံစမ်းရန် ကော်မတီဖွဲ့စည်းပြီး လေးရက်အတွင်း စုံစမ်းတွေ့ရှိချက် တင်ပြရန် တာဝန်ပေးအပ်
လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းက ပေါက်ကွဲမှုအကြောင်းအရင်းကို စုံစမ်းရန် စုံစမ်းရေးကော်မတီကို ဖွဲ့စည်းပြီး လေးရက်အတွင်း တာဝန်ရှိသူကို ဖော်ထုတ်ပေးရန် အစိုးရက ဒီနေ့တာဝန်ပေးလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။





