ဂျပန်နိုင်ငံ၌ ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိသည့် ငလျင်လှုပ်

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းတွင် ပြင်းအား ၆ ဒသမ ၃ ရစ်ချ်တာစကေးရှိသည့် အင်အားပြင်းငလျင်တစ်ခု ဇွန် ၁၄ ရက်အစောပိုင်းက လှုပ်သွားခဲ့ကြောင်း သိရသည်။
ညမထွက်ရအမိန့် အဆုံးသတ်မည်ဖြစ်သော်လည်းဗန်ကောက်မြို့ရှိ ညပိုင်းဖျော်ဖြေရေးနေရာများကို ခေတ္တပိတ်ထားမည်
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရန် ထိုင်းနိုင်ငံအတွင်း ချမှတ်ထားသည့် အသွားအလာကန့်သတ်မှုကို ဖြေလျှော့ပြီး ညမထွက်ရ အမိန့်ကို ဇွန် ၁၅ ရက်မှ အဆုံးသတ်မည်ဖြစ်သော်လည်း မြို့တော် ဗန်ကောက်ရှိ ညပိုင်းဖျော်ဖြေရေးနေရာများကို ခေတ္တ ပိတ်ထားမည်ဖြစ်ကြောင်း ဗန်ကောက်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဖောင်ဆာကောန်ကွန်မွာန်က ယနေ့ ပြောကြား
အီရန်မှာ  ၂၄ နာရီအတွင်း သေဆုံးသူ ၁၀၀ ကျော်ရှိကြောင်း ထုတ်ပြန်ကြေညာ
အီရန်နိုင်ငံမှာ  ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၁၀၀ ကျော်ရှိပြီး ၂,၄၇၂ ဦးမှာ ရောဂါပိုးတွေ့ရှိကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာပါတယ်။  အခုသေဆုံးမှုဟာ နှစ်လအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် တစ်ရက်အတွင်း သေဆုံးသူ ၁၀၀ ကျော်ဖြစ်သွားပြီလို့ သိရပါတယ်။
တရုတ်နိုင်ငံက လက္ကားဈေးနဲ့ ဆက်စပ်တဲ့သူတွေထဲက ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅၇ ဦးအထိရှိလာ
တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၅၇ ဦးရှိကြောင်း ဒီနေ့(တနင်္ဂနွေနေ့) ကြေညာရာ အဲဒီပမာဏဟာ ဧပြီလနောက်ပိုင်းမှာ အများဆုံးတွေ့ရှိတာ ဖြစ်ပါတယ်။