၂၀၂၁ တိုကျိုအိုလံပစ်ကို သုံပုံနှစ်ပုံသော စီးပွားရေး လုပ်ငန်းတွေက ထောက်ပံ့ဖို့ မသေချာတော့ကြောင်း သိရ
တိုကျိုအိုလံပစ် ၂၀၂၀ အားကစားပွဲကို ထောက်ပံ့ပေးနေတဲ့ သုံးပုံနှစ်ပုံသော စီးပွားရေးလုပ်ငန်းတွေက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တစ်နှစ်နောက်ဆုတ်သွားတဲ့ အိုလံပစ်ပြိုင်ပွဲကို ဆက်လက် ထောက်ပံ့သွားရေး မဆုံးဖြတ်ရသေးကြောင်း ဂျပန်သတင်းဌာန NHK က ကောက်ယူတဲ့ စစ်တမ်းအရ သိရပါတယ်။







