ဂရိကျွန်းများပေါ်ရှိ ရွှေ့ပြောင်းနေထိုင်သူများရဲ့ ယာယီတဲများချက်ချင်းဖယ်ရှားရေးအတွက် တောင်းဆို
ဂရိနိုင်ငံပိုင် လက်ဘို့စ်၊ ဆီးမို့စ်နဲ့ ချိုင်အို့စ် ကျွန်းများပေါ်မှာ ရောက်ရှိနေတဲ့ နိုင်ငံရွှေ့ပြောင်းနေထိုင်သူများရဲ့ ယာယီတဲများကို ဖျက်သိမ်းပေးရန်နဲ့ ခိုလှုံခွင့်တောင်းခံထားသူများကို ချက်ချင်းဖယ်ရှားပေးရန် ဒေသခံများက မနေ့က တောင်းဆိုဆန္ဒပြနေကြပါတယ်။



