အိုလံပစ် အမျိုးသမီးဘောလုံးပွဲ ခြေစစ်ပွဲများကို ဆစ်ဒနီတွင် ပြောင်းရွှေ့ကျင်းပမည်
အိုလံပစ် အမျိုးသမီးဘောလုံးပွဲ ခြေစစ်ပွဲများကို တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် လာမည့်လအတွင်း ကျင်းပသွားရန် စီစဉ်ထားသော်လည်း တရုတ်နိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသော ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အဆိုပါခြေစစ်ပွဲများကို ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီ မြို့တွင် ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်မှ ယမန်နေ့က ထုတ်ပြန်ခဲ့သည်။




