အီဂျစ်နိုင်ငံတောင်ပိုင်း၌ ယာဉ်မတော်တဆမှုဖြစ်ပွားသဖြင့် ၁၇ ဦး သေဆုံး
အီဂျစ်နိုင်ငံတောင်ပိုင်း ဆိုဟတ်ပြည်နယ်ရှိ လမ်းမပေါ်တွင် ယမန်နေ့နှောင်းပိုင်းက ဘတ်စ်ကားတစ်စီးနှင့် ထရပ်ကားတစ်စီးတို့ မတော်တဆ ဖြစ်ပွားခဲ့သဖြင့် ၁၇ ဦး သေဆုံးခဲ့ပြီး အခြားလေးဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၂၀၄ ဦး ထပ်မံတွေ့ရှိ
မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၂၀၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၆၈၇၄၇၀ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၆၄၄၀ ထပ်မံတွေ့ရှိ
နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၄၄၀ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် ၂၈ ဦး ထပ်မံသေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
ဗီယက်နမ်နိုင်ငံ၌ ပထမခုနစ်လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၁၃၆၀၀၀ ကျော်ရှိ
ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် ပထမခုနစ်လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၁၃၆၀၇၅ ဦးရှိရာ လွန်ခဲ့သောနှစ်က အလားတူကာလထက် သုံးဆတိုးလာခဲ့သည်ဟု နိုင်ငံ၏ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
နယူးဇီလန်နိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ သုံးဦးမြောက်တွေ့ရှိ
နယူးဇီလန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံအတွင်း မျောက်ကျောရောဂါကူးစက်ခံရသူ သုံးဦးမြောက်အား တွေ့ရှိခဲ့ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အိန္ဒိယနိုင်ငံ၌ ဆေးရုံမီးလောင်သဖြင့် လူကိုးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာပြင်းထန်
အိန္ဒိယနိုင်ငံအလယ်ပိုင်း မာဒရာပရာဒတ်ပြည်နယ်ရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားသဖြင့် ကိုးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။