အင်ဒိုနီးရှားနိုင်ငံ၌ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းဦးရေလေးသန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ်မြောက် ထိုးနှံပေး

အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်မျိုးကွဲကူးစက်မှုများ မြင့်မားနေစဉ်အတွင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းဦးရေ လေးသန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ်မြောက်ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဂူနာဒီဆာဒီကင်က ယမန်နေ့ကပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၈၃၈၄ ဦး ထပ်မံတွေ့ရှိ
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၈၃၈၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၁၉၅၃၅၂၄၂ ဦး အထိမြင့်တက်လာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။
အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၌ မိုးကြိုးပစ်မှုနှင့် မိုးနှင့်ဆက်စပ်သည့်ဖြစ်စဉ်များကြောင့် လူ ၂၆ ဦး သေဆုံး
အိန္ဒိယနိုင်ငံအရှေ့ဘက် ဘီဟာပြည်နယ်တွင် မိုးကြိုးပစ်မှုနှင့် မိုးနှင့်ဆက်စပ်သည့် ဖြစ်စဉ်များကြောင့် လူ ၂၆ ဦး ထက်မနည်းသေဆုံးပြီး ကျန်ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနဖြစ်သည့် အောလ်အိန္ဒိယရေဒီယိုက ယနေ့ကြေညာသည်။ 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် သေဆုံးသူ ၁၃၁ ဦးရှိလာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ဖြင့် သေဆုံးသူ ၁၃၁ ဦးအထိ ရှိလာသည်ဟု အစိုးရက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
မြို့တော်တိုကျို၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၁၅၉၃ ဦး ထပ်မံတွေ့ရှိ
မြို့တော်တိုကျိုအစိုးရက တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၁၅၉၃ ဦး ရှိကြောင်း ပြောကြားသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၇၅၉ ဦး ထပ်မံတွေ့ရှိ
မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၇၅၉ ဦးတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၆၅၉၇၁၀ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း၌ ပြင်းအား ၇ ဒသမ ၀  ပမာဏရှိ ငလျင်လှုပ်ခတ်သဖြင့် လူ ၃၀ ခန့်ဒဏ်ရာရ၊ နှစ်ဦးသေဆုံး
ဖိလစ်ပိုင်နိုင်ငံ လူဇုန်ကျွန်းတွင် ယနေ့  ပြင်းအား ၇ ဒသမ ၀ ပမာဏရှိ ငလျင်လှုပ်ခတ်သဖြင့် နှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားသည်။