နိုင်ဂျီးရီးယားနိုင်ငံ၌ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ခြောက်ဦးသေဆုံး

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ဂျီဂါဝါပြည်နယ်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်သဖြင့် လူခြောက်ဦးသေဆုံးပြီး အခြား ၆၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက ယမန်နေ့ကပြောကြားသည်။
အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၉၀၆ ဦး ထပ်မံတွေ့ရှိ
အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၉၀၆ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
သီရိလင်္ကာသမ္မတ  နိုင်ငံမှထွက်ပြေး
သီရိလင်္ကာလေကြောင်းတပ်ဖွဲ့၏ ပြောကြားချက်အရ သမ္မတသည် ၎င်း၏ဇနီး၊ သက်တော်စောင့် နှစ်ယောက်နှင့်အတူ စစ်လေယာဉ်တစ်စင်းဖြင့် ယနေ့မနက်အစောပိုင်းက မော်လ်ဒိုက်နိုင်ငံသို့ ထွက်ပြေးသွားသည်ဟု သိရသည်။
အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု၏ ၈၀ ရာခိုင်နှုန်းကျော်သည် အိုမီခရွန်ဗီဇပြောင်း ဘီအေ-၄ နှင့် ဘီအေ-၅ အမျိုးအစားကူးစက်မှုများဖြစ်
အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများအနက် ၈၀ ရာခိုင်နှုန်းကျော်မှာ အိုမီခရွန်မျိုးကွဲ ဘီအေ-၄နှင့် ဘီအေ-၅ အမျိုးအစားကူးစက်မှုများ ဖြစ်သည်ဟု အမေရိကန်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ (စီဒီစီ)၏ ယမန်နေ့ကထုတ်ပြန်ချက်အရ သိရသည်။
စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၉၇၉ ဦး ထပ်မံတွေ့ရှိ
စင်ကာပူနိုင်ငံတွင်  ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၉၇၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၅၄၀၇၈၈ ဦး အထိ ရှိလာသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ပါကစ္စတန်၌ ရေအရင်းအမြစ်များဆုံးရှုံးမှုကြောင့် သရက်သီးထုတ်လုပ်မှုလျော့ကျ

မီယာပူခက်စ် ဇူလိုင် ၁၁

ယခုနှစ်ကုန်တွင် ကမ္ဘာ့လူဦးရေ ရှစ်ဘီလီယံအထိရှိမည်ဟု ကုလသမဂ္ဂပြောကြား

ဂျီနီဗာ ဇူလိုင် ၁၂