အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၁၅၇ ဦး ထပ်မံတွေ့ရှိ
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၁၅၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၄၃၀၈၂၃၄၅ ဦးရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ပါကစ္စတန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၄၀ ထပ်မံတွေ့ရှိ
ပါကစ္စတန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၄၀ ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
အာဂျင်တီးနားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံပြီးသူ ၁၈ သန်းနီးပါးရှိလာ
အာဂျင်တီးနားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၁၈ သန်းနီးပါးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။
အာဖရိကတိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁၁ ဒသမ ၄၄ သန်းကျော်ရှိလာ
အာဖရိကတိုက်တွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁၁၄၄၆၁၀၇ ဦး အထိ ရှိလာသည်ဟု ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ( အာဖရိကစီဒီစီ )က ပြောကြားသည်။
တရုတ်နိုင်ငံ ချန်ရှားမြို့၌ ရှစ်ထပ်တိုက်ပြိုကျ အနည်းဆုံး ၂၃ ဦး ပိတ်မိလျက်ရှိ