ဖိလစ်ပိုင်သမ္မတရိုဒရီဂို ဒူတာတေး အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံကြားကျင်းပမည့် အစည်းအဝေး လွဲချော်ဖွယ်ရှိ

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် အမေရိကန်ပြည်ထောင်စုနှင့် အရှေ့တောင်အာရှနိုင်ငံများကြား နောက်လတွင် ကျင်းပမည့် အစည်းအဝေးနှင့် လွဲချော်ဖွယ်ရှိသည်။
ယူကရိန်းအရေးဆွေးနွေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံ
ရုရှားသမ္မတဗလာဒီမာပူတင်သည် ယူကရိန်းအရေး ဆွေးနွေးရန် ကရင်မလင်သို့ ဧပြီ ၂၆ ရက်က အလည်အပတ် ရောက်ရှိလာသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် တွေ့ဆုံခဲ့ကြသည်။ ။
ပါကစ္စတန်နိုင်ငံ၌ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားသဖြင့် တရုတ်နိုင်ငံသားသုံးဦးအပါအဝင် လေးဦးသေဆုံး
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိတက္ကသိုလ်တစ်ခုတွင် ယမန်နေ့မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံသားသုံးဦးအပါအဝင် လေးဦးသေဆုံးခဲ့ပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် အခြားသတင်း အရင်းအမြစ်များက ဆိုသည်။
တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၆၇၈၇ ဦး ထပ်မံတွေ့ရှိ
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၆၇၈၇ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင်း ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၁၇၀၈၆၆၂၆ ဦး အထိ မြင့်တက်လာကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။
သမ္မတရွေးကောက်ပွဲ ပြန်လည်အနိုင်ရရှိသော မက်ခရွန်ကို တူနီးရှားနိုင်ငံသမ္မတ ချီးကျူးဂုဏ်ပြု
တူနီးရှားသမ္မတ ကာအစ်က ပြင်သစ်နိုင်ငံသမ္မတ  ရွေးကောက်ပွဲ ပြန်လည်အနိုင်ရရှိခဲ့သော အီမန်နျူရယ်မက်ခရွန်ကို ယမန်နေ့ကဂုဏ်ပြုစကားဆိုကာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။