ဆားဘီးယားနိုင်ငံ၌ ပစ်ခတ်မှုဖြစ်ပွားသဖြင့် ရှစ်ဦးသေဆုံး
ဆားဘီးယားနိုင်ငံ ဘဲလ်ဂရတ်တောင်ပိုင်း ကီလိုမီတာ ၆၀ ခန့်အကွာ မလာဒီနိုဗက်မြို့အနီး ကျေးရွာများတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးရှစ်ဦးသေဆုံးခဲ့ပြီး အခြား ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာက ယနေ့တွင် ဖော်ပြထားသည်။






