အမေရိကန်နိုင်ငံ၌ ရေနံချက်စက်ရုံမီးလောင်မှုကြောင့် တစ်ဦးသေဆုံး

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ယမန်နေ့က မာရသွန်ရေနံချက်စက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အလုပ်သမားတစ်ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ၌ စာသင်ကျောင်းရှိ အားကစားရုံမျက်နှာကျက်ပြိုကျမှုကြောင့် ၁၄ ဦး ဒဏ်ရာရ
တောင်ကိုရီးယားနိုင်ငံရှိ မူလတန်းကျောင်းတွင် အားကစားရုံမျက်နှာကျက် ပြိုကျသဖြင့် ဆရာတစ်ဦးနှင့် ကျောင်းသူကျောင်းသား ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြထားသည်။
ကွန်ဂိုနိုင်ငံ၌ ရေကြီးရေလျှံမှု၊ မြေပြိုမှုတို့ကြောင့် ရွာသား ၄၃၈ ဦး သေဆုံး
အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် တောင်ကီဗူပြည်နယ်တွင် ရွာသားနှစ်ဦး၊ နာမူကူဘီနှင့် ဘူချူချူပြည်နယ်တို့တွင် အများအပြားသေဆုံးခဲ့ကြောင်း နောက်ဆုံးတရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
ယီမင်နိုင်ငံတောင်ပိုင်း၌ ဓာတ်ဆီဆိုင်ပေါက်ကွဲမှုဖြစ်ပွားသဖြင့် သုံးဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ
ယီမင်နိုင်ငံတောင်ပိုင်း အာဘီရန်ပြည်နယ်တွင် ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် ယမန်နေ့က ကြီးမားသောပေါက်ကွဲမှုကြောင့် လူသုံးဦးသေဆုံးပြီး အခြားခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု .............
တရုတ်နိုင်ငံ၌ ကျောက်မီးသွေးတွင်း မီးလောင်မှုကြောင့် ငါးဦးပျောက်ဆုံး
တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ် ဆန်မန်ချာမြို့တွင် မေလ ၉ ရက်နေ့က ကျောက်မီးသွေးတွင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ယနေ့မနက်တွင် ငါးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကုမ္ပဏီသတင်းအရင်းအမြစ်အရ သိရသည်။
ကွန်ဂိုနိုင်ငံ၌ ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၄၂၂ ဦးထက်မနည်းသေဆုံး
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် လွန်ခဲ့သောသီတင်းပတ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ လူ ၄၀၀ ကျော် သေဆုံးခဲ့သည်။
ဂျာမနီနိုင်ငံ၌ ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ၅၂ ဦး ဒဏ်ရာရ
ဂျာမနီနိုင်ငံအရှေ့ပိုင်း ဘန်ဒန်ဘာ့ပြည်နယ်ရှိ အေ ၂၁ အဝေးပြေးလမ်းမတွင် ယမန်နေ့က ဘတ်စ်ကားတစ်စီးနှင့် ထရပ်ကားတစ်စီးတို့တိုက်မိသဖြင့် ၅၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂျာမန်သတင်းအေဂျင်စီ ဒီပီအေက ဖော်ပြထားသည်။