အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုတို့ကြောင့် လေးဦးသေဆုံး
အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း ဂိုအာပြည်နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် လေးဦးသေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိ မော်လဝီအဒူဝါဟစ်ဟာမတ်က ပြောကြားသည်။






