ဖိလစ်ပိုင်နိုင်ငံသို့တိုင်ဖွန်းမုန်တိုင်း မဝါ ဦးတည်သွားစဉ် အားပျော့လာ

ဖိလစ်ပိုင်နိုင်ငံသို့ ဉီးတည်သွားနေသော တိုင်ဖွန်းမုန်တိုင်း မဝါသည် အားအနည်းငယ်ပျော့လာသော်လည်း နိုင်ငံ၏အချို့နေရာများတွင် လာမည့်သုံးရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသဌာနက ယမန်နေ့က သတိပေးပြောကြားသည်။
ပါကစ္စတန်နိုင်ငံ၌ နှင်းထုပြိုကျမှုကြောင့် ၁၀ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ
ပါကစ္စတန်နိုင်ငံမြောက်ပိုင်း ဂီလ်ဂစ်-ဘယ်တစ်စတန် ဒေသတွင် မေလ ၂၇ ရက်က နှင်းထုပြိုကျမှုကြောင့် ၁၀ ဦး သေဆုံးပြီး အခြား ၁၀ ဦးဒဏ်ရာရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုလှိုင်းအသစ် ဖြစ်ပွားနေသဖြင့် ရောဂါကူးစက်မှုပိုမိုမြင့်တက်
တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလှိုင်းအသစ်နှင့် ရင်ဆိုင်နေရပြီး အပတ်စဉ်ကူးစက်မှုများသည် ဇွန်လကုန်ပိုင်းတွင် ကူးစက်မှုအရေအတွက်အမြင့်ဆုံးဖြစ်ပွားနိုင်သဖြင့် ..............
အားပြင်းတိုင်ဖွန်းမုန်တိုင်း မဝါ(Mawar) ဂူအမ်ကျွန်းကို ဝင်ရောက်တိုက်ခတ်
အားပြင်းတိုင်ဖွန်းမုန်တိုင်း မဝါ(Mawar)သည် ဂူအမ်ကျွန်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ တစ်နာရီ မိုင် ၁၄၀ နှုန်းဖြင့် လေပြင်းများတိုက်ခတ်ခဲ့သည်။
ပါကစ္စတန်နိုင်ငံ၌ စစ်ဆင်ရေးလုပ်ဆောင်စဉ်အတွင်း အကြမ်းဖက်သမား ခြောက်ဦးသေဆုံး
ပါကစ္စတန်နိုင်ငံအနောက်မြောက်ဘက် ခီဘာပတ်ထန်ဝါပြည်နယ်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ်အတွင်း အကြမ်းဖက်သမားခြောက်ဦး သေဆုံးခဲ့ကြောင်း ယမန်နေ့ညပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။
ဘရူနိုင်းနိုင်ငံ၌ ၂၀၂၂ ခုနှစ်အတွင်း  လူဦးရေ ၁ ဒသမ ၁ ရာခိုင်နှုန်းပိုမိုမြင့်တက်
ဘရူနိုင်းနိုင်ငံ၏ နောက်ဆုံးခန့်မှန်းတွက်ချက်ထားသည့် လူဦးရေစာရင်းတွင်  ၂၀၂၂ ခုနှစ်အတွက် လူဦးရေ ၄၄၅၄၀၀ ရှိကြောင်း အစိုးရက  ယမန်နေ့ကပြောကြားထားသည်။
အမေရိကန်နိုင်ငံ၌ နေအိမ်ပြိုကျမှုကြောင့် နှစ်ဦးသေဆုံး၊ ခုနစ်ဦးဒဏ်ရာရ
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ကွန်ရိုးမြို့တွင် ယမန်နေ့မွန်းလွဲပိုင်းက မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း ဆောက်လုပ်ဆဲနေအိမ်တစ်လုံး ပြိုကျခဲ့ပြီးနောက် နှစ်ဦးသေဆုံးခဲ့ပြီး အခြားခုနစ်ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားသည်။