ဒီနေရာမှာ လူနာပြည့်သွားရင် ကျွန်တော်တို့ သုဝဏ္ဏဘောလုံးအကယ်ဒမီကျောင်းမှာ လူနာ ၄၀၀ ထားဖို့ ပြင်ဆင်နေပါတယ်။ အဲဒီမှာက Tent Hospital ဖြစ်ပါတယ်။ ဒီထဲမှာ ရေ၊ မီး၊ လေအေးပေးစက်နဲ့ လူနာတွေအတွက် တစ်ဦးချင်း အကန့်လိုက်နေထိုင်နိုင်အောင် စီစဉ်ထားပါတယ်။ နိုင်ငံတကာမှာ ဆောင်ရွက်နေတဲ့ နိုင်ငံတကာအဆင့်မီ ယာယီဆေးရုံတွေရဲ့ စနစ်နဲ့အညီ WHO ရဲ့ ညွှန်ကြားချက်များအတိုင်း တည်ဆောက်ထားတဲ့ Tent Hospital ဖြစ်ပါတယ်။