နှစ်တိုင်း ဒီလိုပွဲတွေ ကျင်းပပေးရင် ကလေးတွေအတွက် သူတို့ရဲ့ အတွေးအခေါ် အသစ်အဆန်းတွေကိုဖော်ထုတ်လာနိုင်တဲ့ ကလေးတွေ များလာမယ်လို့ မျှော်လင့်ပါတယ်

ကလေးစာပေပွဲတော်(ပူတာအို) ဒုတိယနေ့သို့ လာရောက်ကြသည့် ပြည်သူများ၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်-
ပူတာအိုကလေးစာပေပွဲတော်မှ စကားသံများ 
ကလေးစာပေပွဲတော် (ပူတာအို) သို့ လာရောက်နွှဲပျော်ကြသူအချို့၏ စကားသံများကို ပြန်လည်တင်ပြလိုက်ပါသည်-
ပူတာအိုကလေးစာပေပွဲတော် အတွက် အကြိုရင်တွင်းစကားသံများ
" ဒီကလေးစာပေပြပွဲမှာ ခန္တီးရှမ်းတွေရဲ့ ရိုးရာပစ္စည်းတွေ ရှေးဟောင်းပစ္စည်းတွေ နောက်ပြီးတော့ အသုံးအဆောင်ပစ္စည်းတွေကို ကလေးအားလုံးအပါအဝင်
အာဖရိကဝက်အပြင်းဖျားရောဂါ မြန်မာနိုင်ငံသို့ မကူးစက်လာစေရန် ကြိုတင်ကာကွယ်ရေးဆောင်ရွက်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တရားဝင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်ရန်စီစဉ်လျက်ရှိ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည်ဖော်နိုင်ရန်၊ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တရားဝင်တွေ့ဆုံ ဆွေးနွေးမှုများ
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာပါ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး Mr. Bhim Udas နှင့်တွေ့ဆုံမေးမြန်းမှုကို ဘာသာပြန်ဆို ဖော်ပြအပ်ပါသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာပါ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး Mr. Bhim Udas နှင့်တွေ့ဆုံမေးမြန်းမှုကို ဘာသာပြန်ဆို ဖော်ပြအပ်ပါသည်။ မေး။ ။ သံအမတ်ကြီးအနေနဲ့ ၂၀ဝ၃ ခုနှစ်ကနေ ၂၀ဝ၆ ခုနှစ်အထိ မြန်မာ နိုင်ငံမှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ရဲ့အကြီးအကဲတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာ နီပေါ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဂုဏ်ပြုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲနှင့်ပတ်သက်ပြီး သံအမတ်ကြီးအမြင်ကို သိပါရစေ။ ဖြေ။ ။ မှန်ပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ အကြီးအကဲတစ်ဦးအဖြစ် သုံးနှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီတုန်းက စစ်အစိုးရ အုပ်ချုပ်တဲ့ကာလဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချထားခံရတဲ့ကာလ ဖြစ်ပါတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုခံနေရပြီး ပြည်သူတွေ ဆင်းဆင်းရဲရဲ နေရတဲ့ကာလဖြစ်ပါတယ်။ နိုင်ငံရေးအရတည်ငြိမ်ပြီး လုံခြုံရေးအရ ကောင်းမွန်နေသော်လည်း ပြည်သူတွေက အကြောက်တရားတွေနဲ့ နေထိုင်ခဲ့ကြရပါတယ် ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောဆိုဆွေးနွေး ပထမဦးဆုံး သတိပြုမိတာကတော့ ပြည်သူတွေဟာ ယခင်ကနဲ့မတူဘဲ စိုးရိမ်သောကကင်းပြီး မျက်နှာမှာ အပြုံးတွေနဲ့တွေ့ရသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု အပြည့်နဲ့ ပြောဆိုဆွေးနွေးကြတာတွေ တွေ့ရပါတယ်။ လမ်းပေါ်မှာနဲ့ ဈေးဆိုင်၊ စတိုးဆိုင်ကြီးတွေမှာ ယခင်ကထက် လူတွေကို ပိုပြီး တွေ့လာရတာတွေဟာ အလုပ်အကိုင်တွေ၊ ဝင်ငွေတွေ ရှိနေကြတာကို မှန်းဆလို့ရပါတယ်။ သူတို့တွေဟာ ပိုပြီးကောင်းမွန်တဲ့ ဘဝအခြေအနေတွေကို ရှာဖွေနေကြပါတယ်။ ယခင်ကမရှိခဲ့တဲ့ မြင့်မားတဲ့အဆောက်အအုံတွေ၊ ဟိုတယ်တွေနဲ့ အိမ်ရာတွေ အစီအရီပေါ်ထွက်လာတာ တွေ့နေရပါတယ်။ လမ်းတွေဟာလည်း ကျယ်ကျယ်ဝန်းဝန်း သန့်သန့်ပြန့်ပြန့် ရှိလာပါတယ်။ လမ်းပေါ်မှာ ယခင်ကထက် ယာဉ်အသွားအလာတွေ အဆမတန် များပြားလာတာတွေ့ရပါတယ်။ ပြည်သူတွေရဲ့မျက်နှာမှာလည်း ပျော်ရွှင်မှုတွေနဲ့အတူ ကြောက်ရွံ့တဲ့စိတ်တွေ ကင်းမဲ့သွားတာ တွေ့ရပါတယ်။ အရင်ကဆိုရင် အင်္ဂလိပ်စကား ပြောနိုင်တဲ့လူငယ်တွေ နည်းပါးပေမယ့် အခုအခါမှာတော့ လူငယ်တွေဟာ အင်္ဂလိပ်စကား ပြောလာနိုင်ကြပြီး ပွင့်လင်းမှုလည်း ရှိလာကြပါတယ်။ အရင်က ဆယ်စုနှစ်များစွာကြာအောင် နိုင်ငံတကာနဲ့ အဆက်အသွယ် ပြတ်ခဲ့တဲ့အတွက် လူငယ်တွေ အင်္ဂလိပ်စကားပြောတတ်သူ နည်းပါးခဲ့တယ်လို့ ယူဆရပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးနဲ့ ချိတ်ဆက်နိုင်ခဲ့ လူတိုင်းဟာလည်း လက်ကိုင်ဖုန်းတွေနဲ့ တွေ့ရတော့ ဒါဟာကြီးမားတဲ့ အပြောင်းအလဲ တစ်ခုပါပဲ။ ဒီအချက်ကတော့ ခင်ဗျားလည်း သဘောတူမယ်ထင်ပါတယ်။ အရင်ကဆိုရင် လူနည်းစုလောက်သာ လက်ကိုင်ဖုန်းကို သုံးနိုင်ကြပြီး အဲဒီလိုသုံးနိုင်တဲ့သူထဲမှာ အစိုးရဌာန၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းက လူအချို့ ပါဝင်ပါတယ်။ အဲဒီတုန်းက ဆင်းကတ်တစ်ခုကို ဒေါ်လာ ၂၀ဝ၀ အထိ ဈေးကြီးကြီး ဝယ်ခဲ့ရတာကို ကျွန်တော်မှတ်မိပါသေးတယ်။ အခုအချိန်မှာတော့ ဆင်းကတ်တစ်ခု တစ်ဒေါ်လာလောက်ပဲ ရှိပါတော့တယ်။ ဒါဟာကြီးမားတဲ့ အပြောင်းအလဲတစ်ခုပါ။ ဒီအပြောင်းအလဲနဲ့အတူ ပြည်သူတွေရဲ့ စိတ်နေစိတ်ထား၊ အပြုအမူနဲ့ တီထွင်ကြံဆမှုတွေကို ပြောင်းလဲစေနိုင်ပါတယ်။ ပြည်သူတွေအနေနဲ့ လက်ကိုင်ဖုန်းတွေနဲ့ ကမ္ဘာကြီးတစ်ခုလုံးကိုမြင်နိုင်၊ သိနိုင်တဲ့အတွက် အကြားအမြင်တွေ၊ ဗဟုသုတတွေ ကျယ်ပြန့်လာခဲ့ကြပါတယ်။ လိုအပ်တဲ့အချိန်မှာ မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်ကြလို့ ကမ္ဘာကြီးတစ်ခုလုံးနဲ့ ချိတ်ဆက်နိုင်ခဲ့ကြပါပြီ။ ဒါဟာ မြန်မာ့ဒီမိုကရေစီရဲ့ တိုက်ရိုက်လက်ငင်းအကျိုးတရားပါပဲ မေး။ ။ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် သံအမတ်ကြီးရဲ့ အမြင်ကိုသိလိုပါတယ်။ ဖြေ။ ။ လက်ရှိအခြေအနေကတော့ အားရစရာကောင်းပါတယ်။ စစ်ဘက်ကနေ အရပ်ဘက် အစိုးရအဖြစ် အသွင်ကူးပြောင်းရေးကို သွေးထွက်သံယိုမရှိ ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရပါတယ်။ ရွေးကောက်ပွဲနဲ့အတူ အစိုးရသစ်တိုင်းပြည်တာဝန်ကို ရယူခဲ့ပါတယ်။ အသွင်ကူးပြောင်းတဲ့ ကာလဖြစ်တဲ့အတွက် ဒီမိုကရေစီ စဉ်ဆက်မပြတ် ရှင်သန်ရေးဟာ ပြည်သူတွေအပေါ်မှာပဲ မူတည်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကသော့ချက်ပါပဲ။ ပြည်သူတွေဟာ ကောင်းမွန်တဲ့ပညာရေး၊ ကျန်းမာရေးနဲ့ အလုပ်အကိုင် ဖန်တီးနိုင်မှုကနေ ပိုမိုကောင်းမွန်တဲ့ အခြေအနေကောင်း တစ်ရပ်ကို လိုလားကြပါတယ်။ ထူးခြားတဲ့အလားအလာ အစိုးရအနေနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ အလုပ်အကိုင်ဖန်တီးပေးရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးစတဲ့ ဦးစားပေးလုပ်ငန်းစဉ် ငါးခုကို ချမှတ်ခဲ့ပါတယ်။ အရေးကြီးဆုံးကတော့ သဘာဝအရင်းအမြစ်တွေကို နှိုင်းနှိုင်းချိန်ချိန်သုံးစွဲတတ်ဖို့ လိုအပ်ပါတယ်။ တပ်မတော်အနေနဲ့ အပစ်အခတ်ရပ်စဲရေးကို ထုတ်ပြန်ကြေညာခြင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက် ထားရှိလိုက်ခြင်းနဲ့ မြောက်ပိုင်းမဟာမိတ် ရှစ်ဖွဲ့က အစိုးရနဲ့ စေ့စပ်ဆွေးနွေးလိုခြင်း စတဲ့အချက်တွေဟာ ကြိုဆိုရမယ့် ဖြစ်ပေါ်တိုးတက်မှု တစ်ရပ်ဖြစ်သလို ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် ထူးခြားတဲ့ အလားအလာတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလက ရန်ကုန်မှာကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ပါဝင်စားစွာ ဆန္ဒမဲပေးခဲ့တာကို ကျွန်တော်တွေ့မြင်ခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီမိုကရေစီလိုလားတာ၊ မိမိတို့ရဲ့အခွင့်အရေးကို သိရှိလာတာဟာ ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ မေး။ ။ သံအမတ်ကြီးအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအကူးအပြောင်းမှာ အကြီးမားဆုံး စိန်ခေါ်မှုတွေဟာဘာတွေဖြစ်မယ်လို့ထင်ပါသလဲ။ အဲဒါနဲ့ပတ်သက်ပြီး အကြံပြုလိုတာ ရှိပါသလား။ ဖြေ။ ။ အုပ်ချုပ်ရေးစနစ်တစ်ခုလုံးကို အပြောင်းအလဲလုပ်ချိန်မှာ စိန်ခေါ်မှုတွေရှိနေမှာတော့ အသေအချာပါပဲ။ ဒီမိုကရေစီစနစ်မှာ ပြည်သူတွေဟာ မိမိတို့ရဲ့အခွင့်အရေးကို ရှာဖွေရာကနေ မျှော်လင့်ချက်တွေ၊ မျှော်မှန်းချက်တွေ ရှိလာကြပါတယ်။ ဆန္ဒတွေစောနေတတ်ပြီး သူတို့လိုချင်တာ မရတဲ့အခါ စိတ်မရှည်တော့ဘဲ သူတို့ရဲ့ အလိုမကျမှုတွေကို စပြီးပြောတော့တာပါပဲ။ ဒီနေရာမှာ သတိထားဖို့က ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာရတဲ့အချိန်မှာ အချိန်အကန့်အသတ်တစ်ခု လိုအပ်တယ်ဆိုတဲ့အချက်ပါပဲ။ ဒီမိုကရေစီဖွံ့ဖြိုးဖို့အတွက် တရားဥပဒေစိုးမိုးရေးဟာ မရှိမဖြစ်အချက်ပါပဲ။ ဒီမိုကရေစီ အစပျိုးတဲ့နိုင်ငံတွေမှာ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကြီးမားမှု၊ အစိုးရရဲ့ ဖော်ဆောင်နိုင်မှု နည်းပါးမှု၊ အတွေ့အကြုံမရှိမှု၊ ဝန်ဆောင်မှုမပေးနိုင်မှုနဲ့ အကျင့်ပျက် ခြစားမှုတို့ကြောင့် အစိုးရတွေအနေနဲ့ ကျဆုံးခဲ့ရတဲ့အဖြစ်တွေ ကျွန်တော်သိမြင်ခဲ့ရပါတယ်။ စိန်ခေါ်မှုတွေများပြား မြန်မာနိုင်ငံရဲ့ အားသာချက်ကတော့ ပြည်သူတွေဟာ ဒီမိုကရေစီလိုလားတယ်၊ အစိုးရကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှု၊ ဝန်ဆောင်မှုနဲ့ သာယာဝပြောရေးကို မဖြစ်မနေ လုပ်ဆောင်ပေးမှုကြောင့်ပဲ ဖြစ်ပါတယ်။ သို့သော်လည်း ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်မှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု နှေးကွေးခြင်း၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်မလုံလောက်မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုနှေးကွေးမှု စတဲ့စိန်ခေါ်မှုအချို့တော့ ရှိပါတယ်။ အချို့သော စိန်ခေါ်မှုတွေကိုတော့ ကုမ္ပဏီဥပဒေအသစ် ချမှတ်ခြင်း၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှု မူဝါဒအသစ်တွေကြောင့် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ အခြေအနေအပေါ်မူတည်ပြီး ပြုပြင်ပြောင်းလဲမှု၊ မူဝါဒနဲ့ စည်းမျဉ်းစည်းကမ်း ချမှတ်မှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ လက်ရှိအစိုးရရဲ့ သက်တမ်းအတွင်း ရခိုင်ပြဿနာပေါ်လာတာဟာ ကြီးမားတဲ့ တုန်လှုပ်မှု တစ်ရပ်ဖြစ်ပါတယ်။ ထို့အတူ ကျန်တဲ့သက်တမ်း နှစ်နှစ်ကျော်အတွင်းမှာ စိန်ခေါ်မှုတွေ များပြားပါတယ်။ မေး။ ။ မူဝါဒနဲ့ တရားဥပဒေစိုးမိုးရေး ၂ ရပ် ရှေ့နောက်ကိုက်ညီမှုနဲ့ ပတ်သက်ပြီး သံအမတ်ကြီးပြောသွားတာကို အသေးစိတ်သိချင်ပါတယ်။ ဖြေ။ ။ ဟုတ်ပါတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ အရေးကြီးပါတယ်။ စီးပွား ရေးလုပ်ငန်းအတွက် ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို ဆက်လက်ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေ တရားဥပဒေစိုးမိုးရေးကို သိရှိပြီး လိုက်နာဖို့လိုအပ်ပါတယ်။ မေး။ ။ ပြည်သူတွေ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဟာ အလွန်အရေး ကြီးတဲ့အတွက် မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ဆက်နွှယ်ပတ်သက်မှုအပေါ် သံအမတ်ကြီးရဲ့ အမြင်ကို သိချင်ပါတယ်။ ဖြေ။ ။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဟာ လူသားတွေရဲ့ အရည်အချင်း၊ ခေတ်မီနည်းပညာကို သိရှိတတ်မြောက်မှုနဲ့အတူ အရင်းအမြစ်များ ရရှိမှုကနေ အခြေခံပါတယ်။ မြန်မာနိုင်ငံမှာ သဘာဝအရင်းအမြစ်များစွာရှိပြီး စိုက်ပျိုးနိုင်သော လယ်ယာမြေများစွာ ပိုင်ဆိုင်ထားပါတယ်။ ပထဝီအနေအထားအရ မြန်မာနိုင်ငံဟာ နိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယကြားမှာ မဟာဗျူဟာကျကျ တည်ရှိနေပါတယ်။ ထို့အတူ အာဆီယံနဲ့ တောင်အာရှနိုင်ငံများကြားမှာ တည်ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ ဘင်းမ်စတက်(BIMSTEC) အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး SAARC အဖွဲ့ထဲမှာ လေ့လာသူအဆင့် နိုင်ငံအဖြစ်နဲ့ ရှိနေပါတယ်။ ဒီအခွင့်အရေးတွေဟာ မြန်မာနိုင်ငံကလွဲပြီး အခြားသော အာရှနိုင်ငံတွေ မရခဲ့ကြပါဘူး။ အစိုးရအနေနဲ့ မြန်မာစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကိုကြိုတင် ပြင်ဆင်ထားခဲ့ပြီး အောင်မြင်မှု ရရှိရေးအတွက် စီမံကိန်းများကို အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ အားသာချက်ကတော့ မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးကိုမြတ်နိုးတယ်၊ ရိုးသားတယ်၊ မော်ကြွားခြင်းမရှိဘူးဆိုတဲ့ အချက်တွေပါ။ လူငယ်အင်အားစုတွေ များပြားခြင်းနဲ့ လုပ်အားခချိုသာခြင်းကလည်း အဓိကပါဝင်ပါတယ်။ ပြည်သူတွေဟာ မြန်မာနိုင်ငံရဲ့ သာယာဝပြောမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီအတွက် အကြီးဆုံးသော အရင်းအမြစ်တွေပါပဲ။ မေး။ ။ သံအမတ်ကြီးတို့နိုင်ငံအနေနဲ့ ဘုရင်စနစ်ကနေ ဖက်ဒရယ်စနစ်ကို ကူးပြောင်းရာမှာ အချိန်တိုအတွင်း အခက်အခဲမရှိ ချောမောစွာ ကူးပြောင်းနိုင်ခဲ့တယ်လို့ သိရှိခဲ့ရပါတယ်။ ဒါကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး သံအမတ်ကြီးမှာ သင်ခန်းစာတွေရှိခဲ့မယ်ဆိုရင် သိခွင့်ရချင်ပါတယ်။ ဖြေ။ ။ နီပေါနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၆၈ နှစ် ၁၉၅၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒီမိုကရေစီရရှိခဲ့ပါတယ်။ ဒီလို ဒီမိုကရေစီရရှိဖို့အတွက် အိန္ဒိယနဲ့မြန်မာနိုင်ငံတို့က ပံ့ပိုးကူညီခဲ့ပါတယ်။ ဒါကြောင့် နီပေါအနေနဲ့ မြန်မာနိုင်ငံကို အမြဲတမ်းကျေးဇူးတင်လျက် ရှိပါတယ်။ ဖက်ဒရယ်စနစ်ဖော်ဆောင်ရေးအတွက် ဆုံးဖြတ် အဲဒီအချိန်တုန်းက တိုင်းပြုပြည်ပြု လွှတ်တော်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ရပ် ပြဋ္ဌာန်းဖို့ ဘုရင်က ကြေညာခဲ့ပါတယ်။ အဲဒီတိုင်းပြုပြည်ပြု လွှတ်တော်ဟာ ၂၀ဝ၈ ခုနှစ်လောက်ကမှ ရွေးကောက်ပွဲအစီအစဉ်နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ တိုင်းပြုပြည်ပြုလွှတ်တော် ပထမအစည်းအဝေးက သက်တမ်း နှစ် ၂၄၀ ရှိတဲ့ ဘုရင်စနစ်ကို ဖျက်သိမ်းလိုက်တဲ့အတွက် နီပေါနိုင်ငံဟာ သမ္မတနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ တိုင်းပြုပြည်ပြုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလကျမှ ပြဋ္ဌာန်းနိုင်ခဲ့တဲ့အတွက် နီပေါနိုင်ငံအနေနဲ့ ၆၅ နှစ်ကြာခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွေးနွေးစဉ်ကာလမှာ နီပေါခေါင်းဆောင်များဟာ ဖက်ဒရယ်စနစ်ဖ ော်ဆောင်ရေးအတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါကြောင့်မို့ နီပေါနိုင်ငံဟာ ယနေ့ ဖက်ဒရယ် ဒီမိုကရေစီသမ္မတနိုင်ငံအဖြစ် ရောက်ရှိလာတာဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်က ငြိမ်းချမ်းရေး လိုလားကြတဲ့အတွက် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ဟာ ချောမောစွာနဲ့ အောင်မြင်ခဲ့ပါတယ်။ ဒုတိယအချက်အနေနဲ့ ယုံကြည်မှု တည်ဆောက်ရေးပဲဖြစ်ပါတယ်။ ယုံကြည်မှုဆိုတာ တစ်ဦးအပေါ်တစ်ဦး ရှိဖို့လိုအပ်ပါတယ်။ တစ်ဦးအပေါ် တစ်ဦး လေးစားမှုနဲ့အတူ ဆွေးနွေးပွဲကို ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။ ယုံကြည်မှု တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို အဆင့်လိုက် မှန်မှန်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အဲဒါမှသာ သံသယတွေ၊ အထင်လွဲမှုတွေ လွင့်စဉ်ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ နီပေါနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံတကာအသိုက်အဝန်းကလည်း သူတို့ရဲ့ရှုထောင့်ကနေ အပြုသဘောနဲ့ ပါဝင်ပံ့ပိုးခဲ့ကြပါတယ်။ နီပေါခေါင်းဆောင်တွေဟာ အိမ်နီးချင်းနိုင်ငံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းတွေနဲ့ အမြဲတစေ ညှိနှိုင်းတိုင်ပင်မှုပြုလုပ်ခဲ့ကြပြီး တစ်ဦးချင်းစီက အကြံဉာဏ်များနှင့်အတူ အမျိုးသား အကျိုးစီးပွားနှင့် ကိုက်ညီတဲ့ ပကတိ အခြေအနေတစ်ရပ်ကို ဖော်ဆောင်ခဲ့ကြပါတယ်။ ဆက်လက်ဖော်ပြပါမည်။ ကြေးမုံ
မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး Mr. Bhim Udas နှင့် တွေ့ဆုံမေးမြန်း
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာပါ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး Mr. Bhim Udas နှင့်  တွေ့ဆုံးမေးမြန်းမှုကို