Super Junior   ရဲ့ တေးသီချင်း U  ကို ပြန်လည်ဆန်းသစ်ထုတ်လွှင့်မည်

တောင်ကိုရီးယားအမျိုးသားတေးဂီတအဖွဲ့ Super Junior ပရိသတ်တွေအတွက် သတင်းကောင်း တစ်ခုကတော့ တစ်ချိန်က ကျော်ကြားခဲ့တဲ့ အဖွဲ့ရဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ U ရဲ့ တေးဗီဒီယိုကို ပြန်လည်ဆန်းသစ်ထုတ်လွှင့်မှာဖြစ်ကြောင်း လတ်တလောမှာ ထုတ်ပြန်ခဲ့တယ်လို့ စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ယခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်းမရှိ
နိုင်ငံတကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ တစ်ပွဲဖြစ်တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကို ယခုနှစ်မှာတော့ အွန်လိုင်း ကနေတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်တာမျိုး ပြုလုပ်ခဲ့ခြင်းမရှိဘဲ တိတ်တဆိတ်သာ ကျင်းပခဲ့ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ချိုင်ထယ်ဂျွန်နဲ့ ပါ့ခ်ရှင်ဟေးတို့ရဲ့ မင်္ဂလာပွဲကို ယခုလကုန်ပိုင်းတွင် ကျင်းပမည်
တောင်ကိုရီးယား ကြယ်ပွင့်စုံတွဲတစ်တွဲဖြစ်တဲ့ မင်းသမီး ပါ့ခ်ရှင်ဟေးနဲ့ မင်းသား ချိုင်ထယ်ဂျွန်တို့ရဲ့ မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၂၂ ရက်မှာ ပြုလုပ်မှာဖြစ်ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ကင်မီဆိုးကို သတိရကြောင်း ဖော်ပြခဲ့ကြတဲ့ ဂျန်ဟယ်အင်နဲ့ ဂျီဆူး

Snowdrop မင်းသမီး ကင်မီဆိုး ကွယ်လွန်
တောင်ကိုရီးယားမှာ လတ်တလောထုတ်လွှင့်ပြသလျက်ရှိတဲ့ ဇာတ်လမ်းတွဲရုပ်ရှင် Snowdrop မှာ ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသမီး ကင်မီဆိုး ရုတ်တရက်ကွယ်လွန်ခဲ့ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ယခုနှစ်ရဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကို တက်ရောက်မှာမဟုတ်ကြောင်း လီဂျန်းဂျယ်ဆို

ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေထွက်လာတဲ့ ဟိုမင်နဲ့ ဟွမ်အီဂျို