သန်လျင်၌ ပင်စင် လာရောက်ထုတ်သူများအား အာဟာရဒါနကျွေးမွေးလှူဒါန်း
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်)၌ သြဂုတ် ၂၃ ရက် နံနက် ၈ နာရီက ပင်စင်လာရောက်ထုတ်ယူကြသူများအား အာဟာရဒါနမုန့်နှင့် လက်ဖက်ရည်များဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။







