ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး လက်ရှိရေမှတ်မှ နောက်(၁)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ယနေ့ညနေ ၅ နာရီတွင် မြစ်ရေကြီးမှု အခြေအနေသတင်း ထုတ်ပြန်ရာ ညနေ ၄ နာရီခွဲ တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး လက်ရှိရေမှတ်မှ နောက်(၁)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ဂန့်ဂေါမြို့တွင် စားသုံးသူများ ဘေးကင်းလုံခြုံရေး အသိပညာပေးဟောပြော
ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာနက ကြီးမှူး၍ ယနေ့နံနက် ၁၀ နာရီတွင် ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူများ ဘေးကင်းလုံခြုံရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ရာ ရပ်ကွက်နေပြည်သူ ၁၀ဝ ကျော် တက်ရောက်သည်။
လာမည့်ရက်များအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းနေမည်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ညနေ ၄ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေသည်။
ဆိတ်နို့နဲ့ နွားနို့ ဘာတွေကွာခြားလဲ
လူတော်တော်များများက ခန္ဓာကိုယ်ကျန်းမာအောင် နို့သောက်ပါလို့ပြောလိုက်ရင် နွားနို့သောက်ရမယ်ဆိုတဲ့ စိတ်ကူးက အရင်ဖြစ်လာတာပါ။
အနီရောင်အသားတွေရှောင်လွန်းတာလည်း သိပ်မကောင်းဘူးနော် …….
ကြင်နာစိတ်ကြီးသူတွေ၊ ရောဂါဖြစ်မှာကိုကြောက်တတ်သူတွေက အနီရောင်အသားတွေကို ရှောင်ကြတာ များတယ်နော်။ အနီရောင်အသားစားတာများရင် အူမကြီးကင်ဆာ ဖြစ်တတ်တယ်။ ရောဂါတွေတိုးစေတယ်ဆိုတာကိုး။ ဒီလိုပြောဆိုမှုတွေက လူတော်တော်များများကို အနီရောင်အသားတွေကို ရှောင်သွားစေပါတယ်။ ဒီအလေ့အထက တကယ်ကော ကျန်းမာရေးကို အထောက်အကူပြုရဲ့လား။ ခန္ဓာကိုယ်ဆိုတာကလည်း ထိုက်သင့်တဲ့ အာဟာရပြည့်ဝပါမှ ကျန်းမာမှာပါ။
ဆေးလိပ်သောက်ခြင်းနှင့် ခံတွင်းကျန်းမာရေး
ဆေးလိပ်ကြောင့်ဖြစ်သော နောက်ဆက်တွဲဆိုးကျိုးများ ဆိုလိုက်တာနဲ့ ပြေးမြင်မိတာက အဆုတ်ကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ခြေလက်သွေးမလျှောက်၍ ပုပ်သွားခြင်းရောဂါတွေပဲဖြစ်တယ်။
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်ထက် ကျော်လွန်လျက်ရှိ