ဆောက်လုပ်ရေးလုပ်ငန်းစိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း)နှင့် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ဆောက်လုပ်ရေးလုပ်ငန်းစိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း)၏ (၂/၂၀၁၉) လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ (၂/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ကျင်းပသည်။






