ရခိုင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၁၉) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၁၉)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အမြန်လမ်းတွင် မန္တလာမင်းခရီးသည်တင်ယာဉ်နှင့် လိုက်ထရပ်ယာဉ်တို့ တိုက်မိ၊ ၆ ဦးဒဏ်ရာရ
ရန်ကုန်-နေပြည်တော်လမ်း မိုင်တိုင် ၅၇/ဝ အနီးတွင် ယနေ့ နံနက် ၄ နာရီက မန္တလာမင်းခရီးသည်တင်ယာဉ်နှင့် လိုက်ထရပ်ယာဉ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ရာ လိုက်ထရပ်ယာဉ်ပေါ်မှ အမျိုးသား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မိုးနဲမြို့နယ်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းပြုစုနိုင်ရေးအတွက် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူလျက်ရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ၂ဝ၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်းပြုစုသည့် နှစ်အဖြစ် သတ်မှတ်၍ အခြေခံမဲဆန္ဒရှင်လူဦးရေစာရင်း ပြည့်စုံမှန်ကန်စွာ ကောက်ယူနိုင်ရေး မြေပြင်ရှိ အချက်အလက်များကို  ဇူလိုင်လ ၈ ရက်နေ့မှစပြီး ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် စာရင်းကောက်ယူရေးကော်မတီ အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် ကောက်ယူနေကြပြီ ဖြစ်ကြောင်း သိရသည်။
ကလေးမြို့တွင် ပါရာဒီဆိုတိုးချဲ့ရုပ်ရှင်ရုံခန်းမဖွင့်ပွဲ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ပြည်သူတို့အတွက် အပန်းပြေစရာ ဖျော်ဖြေမှုတစ်ခုအနေဖြင့် ပါရာဒီဆို တိုးချဲ့ရုပ်ရှင်ရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ရုပ်ရှင်ရုံတည်ရှိရာ အမှတ်(၃/၁၉) ဘုရားကြီးလမ်း အောင်မြင်မာန်ရပ်ကွက်ရှိ ပါရာဒီဆိုရုပ်ရှင်ရုံရှေ့တွင် ကျင်းပခဲ့သည်။
၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲများ စတင်ကျင်းပ