လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဘေးလွတ်ကင်းရာသို့ ပြောင်းရွေ့ခဲ့ရသည့်ပြည်သူများကို ဖောင်းလင်းကျေးရွာရှိ ရှင်ပင်ရွှေစောလူးဓမ္မာရုံတွင် တွေ့ဆုံအားပေးစကားပြောကြားသည်။