ပုလောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုက ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၁၀ ရက် နံနက် (၉) နာရီခွဲက သံဃာတော် (၅)ပါးပင့်ဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
မဲခေါင်ဒေသတွင်း နိုင်ငံများ၏ ဆေးရုံမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ စောင့်ကြပ်ကြည့်ရှု ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
မဲခေါင်ဒေသတွင်း နိုင်ငံများ၏ ဆေးရုံမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ စောင့်ကြပ်ကြည့်ရှု ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Summit Parkview Hotel ၌ ကျင်းပသည်။
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ နေပြည်တော်ကြော်ငြာလက်ခံဌာနဖွင့်လှစ်

နေပြည်တော် ၁၀ ဇူလိုင် 

မြစ်ရေကြီးခြင်း သတိပေးချက်

နေပြည်တော် ၁၀ ဇူလိုင်

မန္တလေးကျောက်ဝိုင်းအတွင်း အင်တာနက်ဆက်သွယ်ရေး အသုံးပြုနိုင်ရန် တင်ဒါခေါ်မည်
မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာဈေးအတွင်း အရောင်းအဝယ်လုပ်နေကြသူများအတွက် အင်တာနက် ဆက်သွယ်ရေး ကုမ္ပဏီများအား တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇော အောင်က ပြောသည်။
မန္တလေးတွင် H1N1 ရာသီတုပ်ကွေးရောဂါပိုး သံသယရှိသူ ၆ ဦးအနက် နှစ်ဦးတွင် ရောဂါပိုးတွေ့ရှိ
မန္တလေး H1N1 ရာသီတုပ်ကွေးရောဂါ သံသယရှိသူလူနာ (၆)ဦးရှိသည့်အနက် (၂ )ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်ထံက သိရသည်။
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်ဇင် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာ အုပ်ချုပ်ရေးမှူးသည် ကျေးရွာပိုင် ကွင်းအမှတ်(၁၉)(ခ)ကွင်း သောင်နုမြေများကို လယ်သမား(၇)ဦးအား စုစုပေါင်း ငွေကျပ် ၄၄၀ဝ၀ဝဝ ဖြင့် ရောင်းချခဲ့ခြင်း၊ ၂၀၁၈ ခုနှစ် မိုးရာသီတွင် ပျက်စီးဆုံးရှုံးခဲ့သော လယ်မြေ ၁၇၂၆ ဧကအတွက် နိုင်ငံတော်မှ တစ်ဧကလျှင် ငွေကျပ် ၈၅၀ဝိ/-နှုန်းဖြင့် ထောက်ပံ့ ကူညီငွေများမှ တစ်ဧကလျှင် ၁၀ဝဝ နှုန်းဖြင့် လယ်သမား (၁၃)ဦး ထံမှ စုစုပေါင်း ငွေကျပ် ၁၄၅၀ဝဝ တောင်းခံခဲ့ခြင်းတို့အား စစ်ဆေးအရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးသို့ တိုင်ကြားခဲ့သည်။