မချမ်းဘော-ဖရုခ-ရပ်ဘော့လမ်းပိုင်းရှိ လမ်းတံတားများတွင်  ရေကျော်မှုကြောင့် ပြည်သူများ သွားလာရေးခက်ခဲ
ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း မြို့နယ်များတွင်  ဇူလိုင်လ ၇ ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် --------
ပခုက္ကူမြို့တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင် ဖြန့်ဝေ
ပခုက္ကူမြို့၊ ပေါက်လမ်းမကြီးနှင့် ထင်းတန်းလမ်းထောင့်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ စတစ်ကာများကို မော်တော်ကား ဆိုင်ကယ်များအား ကပ်ပေးခြင်းကို ဇူလိုင် ၁၀ ရက် နံနက် ၈ နာရီက ပြုလုပ်သည်။
(၇၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျောင်းသားလူငယ်များ ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။
တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ သံတောင်ကြီးမူလွန်(၃)ကျောင်း၌ ဆေးကုသမှုဆောင်ရွက်
ကရင်ပြည်နယ်  သံတောင်ကြီးမြို့ မူလွန်အမှတ်(၃)ကျောင်း၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဘုရင့်နောင် တပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ------
Vision 2020 တွင်ပါဝင်သော အရပ်ဘက်လူမှုအဖွဲ့အစည်းများ မြန်မာနိုင်ငံရွေးကောက်ပွဲများအတွက် အရေးကြီးအချက်(၅)ချက်နှင့်စပ်လျဉ်း၍ ကဏ္ဍစုံမှ ဆက်စပ်ပတ်သက်သူများအကြား ဆွေးနွေးပွဲကျင်းပ
ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများပါဝင်သော Vision 2020 က မြန်မာနိုင်ငံ ရွေးကောက်ပွဲများအတွက် အရေးကြီးအချက် (၅)ချက်နှင့် ပတ်သက်၍ ကဏ္ဍစုံမှ ဆက်စပ် ပတ်သက်နေသူများအကြား ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။
လေးမြို့မြစ်ရေ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန်ရောက်ရှိ
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၁ နာရီ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေ သတင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။