ချင်းတွင်းမြစ်ရေ စိုးရိမ်အမှတ်သို့ မကြာမီ ရောက်ရှိနိုင်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၁၃၆၀ စင်တီမီတာရှိရာ ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ မိုးရေချိန် ၈ ဒသမ ၁၅ လက်မရှိပြီး  ချင်းတွင်းမြစ်၏ စိုးရိမ်ရေ အမှတ်သည် ၁၁၄၀ စင်တီမီတာသို့ ရောက်ရှိလာပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက တိုင်းထွာရေး (၃) ဦးတန်ဆိုင်းပြောပြချက်အရ သိရသည်။ 
ဧည့်လမ်းညွှန်များအစား စကားပြန်များအသုံးပြုနေသည့်အတွက် စိစစ်မှုများပြုလုပ်နေ
နိုင်ငံတကာ ခရီးသွားများအနေဖြင့် ပြည်တွင်းခရီးသွားလာရာတွင် ဧည့်လမ်းညွှန်များကို အသုံးမပြုဘဲ စကားပြန်များကိုသာ အသုံးပြုသွားလာနေသည့်အတွက် လေ့လာစိစစ်မှုများပြုလုပ် လျက်ရှိကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးထွန်းမြတ်က ပြောကြားသည်။ 
တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ပညာရည်ချွန် ဆုပေးပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်တန်းစာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ----------
အာဇာနည်နေ့တွင် ဗိုလ်ချုပ်ပြတိုက်၌ အထူးအစီအစဉ်နှစ်ရပ်ပြသရန် စီစဉ်ထားရှိ
ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၂)နှစ်မြောက် အာဇာနည်နေ့တွင် ယခုနှစ်အထူးအစီအစဉ်အဖြစ် လွတ်လပ် ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ဒေါ်ခင်ကြည်နှင့် မိသား စုနေထိုင်ခဲ့သော အိမ်အောက်ထပ် ဧည့်ခန်းကို ထိုအချိန်က ပုံစံအတိုင်းနှင့် ဗိုလ်ချုပ်ဝတ်ဆင် အသုံးပြုခဲ့သော အဝတ်အစားများကို ပြသရန်ပြင်ဆင်မှု ကို ဇူလိုင် ၇ ရက်က ပြီးစီးခဲ့ရာ အများ ပြည်သူအား ပြသရန်အသင့်ဖြစ်နေပြီဖြစ် ကြောင်း ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်ပြတိုက်မှ သိရ
မြန်မာ့အမွေအနှစ်မှသည် ကမ္ဘာ့အမွေအနှစ်ဆီ ရှေးခေတ်ပုဂံပြည်
ပုဂံဟုဆိုသည်နှင့် မြန်မာတို့၏ အထွတ်အမြတ်ထားရာ နှလုံးသည်းပွတ်နေရာတစ်ခုအဖြစ် အားလုံးကလက်ခံထားကြသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသကို မြန်မာ့အမွေအနှစ်မှသည် ကမ္ဘာ့အမွေအနှစ်အဖြစ်သို့ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေးတွင် သတ်မှတ်ခံခဲ့ရသည့်အတွက် ပြည်သူများအားလုံးကပင် ဝမ်းသာဂုဏ်ယူလျက်ရှိကြသည်။
ကျောက်ပု
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာန ရုံးချုပ်၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း (၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်)