ဂန့်ဂေါခရိုင်အတွင်း ဝါမျိုးကောင်း၊ မျိုးသန့် စံပြကွက်များ စိုက်ပျိုးပြသမည်
၂၀၁၉ ခုနှစ်တွင် ဂန့်ဂေါခရိုင်အတွင်း ဝါမျိုးကောင်းမျိုးသန့် စံပြကွက်များကို ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် စိုက်ပျိုးပြသသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 
သုံးခွမြို့နယ်တွင် ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် ကွင်းဆင်းပြုလုပ်ပေး
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့အမှတ်(၇)ရပ်ကွက် လေးကျွန်းမာရ်အောင် ဘုရားတန်ဆောင်းတွင် ဇွန် ၂၅  ရက် နံနက် ၁၁ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အဖွဲ့က ------------
ရေနံချောင်းမြို့မတောင်ရပ်ကွက်တွင် Food Box စတင်ထားပေးလျက်ရှိ
မြန်မာနိုင်ငံတွင် မန္တလေးကျူံးနံဘေး၌ ဖွင့်လှစ်ခဲ့သော food box မှစတင်ပြီး လူမှု့ကွန်ရက်စာမျက်နှာပေါ်မှ တစ်ဆင့် လူအများစိတ်ဝင်စားခဲ့ရာ နေရာအနှံ့အပြားတွင် ဖွင့်လှစ်လာခဲ့ပြီး အလားတူ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ မြို့မတောင်ရပ် ဗိုလ်ချုပ်လမ်းမတော် အောင်သပြေတေးသံသွင်းနှင့် မျက်နှာချင်းဆိုင်နေရာတွင် ဇွန် ၂၄  ရက်မနက်ပိုင်း မှ စတင်၍ Food box ထားရှိကြောင်း သိရသည်။
ဟင်္သာတမြို့နယ်ရှိ ကျေးရွာ ၁၆ ရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ၉၀ ရာခိုင်နှုန်းကျော်ပြီးစီး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲရေးစီမံကိန်း(VDP)တွင် ----------
မန္တလေးမြို့တွင် H1N1 ရာသီတုပ်ကွေး ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ
H1N1 ရာသီတုပ်ကွေး ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ တိုင်းရဲအကူတပ်ဖွဲ့ခွဲဝင်းအတွင်းရှိ မဟာဇိနရံသီဓမ္မာရုံ တွင် ယနေ့ နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်သည်။
မိုးနဲမြို့၌ ကိုယ်ဝန်ဆောင် မိခင်လောင်း အယောက် ၃၀ အား အာဟာရထောက်ပံ့ပေးအပ်
မိုးနဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ စီစဉ်မှုဖြင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများအား အာဟာရထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ် ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့သည်။