မြန်မာအမျိုးသားလေကြောင်းလိုင်း ရန်ကုန်-မကွေး-ရန်ကုန် ခရီးစဉ်သစ် စတင်ပျံသန်းပြေးဆွဲ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းခရီးစဉ်တစ်ခုဖြစ်သော ရန်ကုန်-မကွေး-ရန်ကုန် လေကြောင်းလိုင်း စတင်ပျံသန်းခြင်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက မကွေးလေဆိပ်ခန်းမဆောင်၌ ကျင်းပသည်။





