အိုးလုပ်ရန်အတွက် သင့်လျော်သည့် မြေမရရှိခြင်းနှင့်အတူ အိုးလုပ်သူနည်းပါးလာ
မြေအိုးလုပ်ရန်အတွက် လိုအပ်သည့်မြေနီ မရရှိပါက ရေရှည်တွင် အိုးလုပ်ငန်းတိမ်ကော သွားနိုင်တော့မည်ဖြစ်ကြောင်း စစ်ကိုင်းမြို့ အိုးဘိုရပ်ရှိ မိရိုးဖလာ အိုးလုပ်ငန်းလုပ်ကိုင်သူ ကိုလက်က ပြောသည်။




