ခရီးသည်ယာဉ်တစ်စီး ကားအင်ဂျင်အပူလွန်ကဲ၍ ရပ်နားထားစဉ် မီးလောင်ကျွမ်းမှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငရုတ်ကောင်း- ငရုတ်ကောင်းတောင်ကားလမ်း မိုင်တိုင် အမှတ်(၁၄) မိုင် ၂ ဖာလုံနှင့် ၁၄ မိုင် ၃ ဖာလုံကြားတွင် ယနေ့ နံနက်ပိုင်းက ယူနီဗာဆယ်ခရီးသည်ယာဉ်တစ်စီး ကားအင်ဂျင်အပူလွန်ကဲ၍ ရပ်နားထားစဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ငါ့သရောက်မြို့မှ ပုန်းရည်ကြီးချက်လုပ်သည့် ပဲပိစပ်ဈေးနှုန်း နှစ်ဆခန့်မြင့်တက်သော်လည်း လုပ်ငန်းများ လည်ပတ်လုပ်ကိုင်လျက်ရှိ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့သည် ပုန်းရည်ကျိုချက်လုပ်ငန်းအား အဓိကလုပ်ကိုင်ကြပြီး ပုန်းရည်ချိုချက်ရာတွင် အသုံးပြုသည့် ပဲပိစပ်ဈေးနှုန်း မနှစ်ကထက် ထက်ဝက်ခန့်မြင့်တက်လာကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြနှစ်ဦးခန့်အပ်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းအတွက် လက်ထောက်နည်းပြနှစ်ဦး ခန့်အပ်ခဲ့သည်။
နမ္မချီကျောက်မျက်ဒေသ မိုးရာသီလုပ်ငန်းရပ်နားချိန် အလုပ်သမားများနေရပ်သို့ပြန်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မချီကျောက်မျက်ဒေသတွင် ရာသီချိန်လုပ်ငန်းများ ခေတ္တရပ်နားသဖြင့် အလုပ်သမားများနေရပ်သို့ အသီးသီး ပြန်လည်ထွက်ခွာလျက်ရှိကြောင်း သိရသည်။
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း၊ ဆိုလာအသေးစား ဓာတ်အားစနစ် မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲကျင်းပ
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း၊ ဆိုလာအသေးစား ဓာတ်အားစနစ် မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် အရှေ့ကုန်း ကျေးရွာအုပ်စု၊ စည်ပင်ကျေးရွာ၌ ကျင်းပသည်။
အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ မြဝတီနှင့် YREO အသင်း အနိုင်ရ
၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၃)ပထမနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ မြဝတီနှင့် YREO အသင်း အနိုင်ရခဲ့သည်။
ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ အထည်ချုပ်စက်ရုံဝန်ထမ်းများအား လက်တွေ့မီးငြိမ်းသတ် နည်းစနစ်များပြသ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပွားစေရေး၊ ပြည်သူလူထုမီးဘေးလုံခြုံရေးနှင့် အသိပညာပြန်ပွားရေးတို့ကို ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းကာဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ နံနက်ပိုင်းက တူးချောင်းကျေးရွာအုပ်စု၊ မြစိမ်းရောင်စက်မှုဇုန်၊ မင်းသားလေးအထည်ချုပ်စက်ရုံရှိ ဝန်ထမ်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ် နည်းစနစ်များပြသပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။