ကျောက်မဲမြို့နယ်၊ သစ်တောဦးစီးဌာနတွင် မိုးရာသီစိုက်ပျိုးရန် အရိပ်ရအပင် ၄၅၀ဝ၀ ပင် ပျိုးထောင်ထားရှိ

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု မျှတကောင်းမွန်လာစေရန် ရည်ရွယ်၍ ကျောက်မဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ ယခုလာမည့် မိုးရာသီကာလတွင် ကျောက်မဲမြို့နယ် အတွင်းရှိ ----------
ညောင်တုန်းမြို့နယ်၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ပင်ပြိုလဲပြီး နေအိမ်အချို့အမိုးများပျက်စီး
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲလောင်းကြီးကျေးရွာတွင် ယနေ့နံနက်(၆)နာရီခွဲခန့်က လေပြင်း တိုက်ခတ်မှုကြောင့် ညောင်ပင်ပြိုလဲပြီး နေအိမ်အချို့ အမိုးများပျက်စီးခဲ့ကြောင်း သိရသည်။ 
ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာများသို့ မျိုးစပါးနှင့်သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များပေးအပ်ခြင်း
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ကဝမြို့နယ် ရှမ်းကန်ကျေးရွာအုပ်စုရှိ ဘက်စုံအဆင့်မြင့်နည်း ပညာသုံး စံပြကျေးရွာတွင် ဆောင်ရွက်မည့် တောင်သူများအား မျိုးစပါးနှင့် သစ်စိမ်းမြေဩဇာများကို တောင်သူများလက်ဝယ်သို့ ကဝမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းမှ  ပေးအပ်ခဲ့ပါသည်။
ကောင်းမှုတော်စေတီတော်ရှိ  ရှေးဟောင်းမေတ္တာကန်အား အကြီးစားပြုပြင်မှု ၃၀ ရာခိုင်နှုန်းခန့် ပြီးစီး
စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီး၏  ရှေးဟောင်းမေတ္တာကန်အား အကြီးစားပြုပြင်မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ် ကြောင်း  ကောင်းမှုတော်စေတီဂေါပကအဖွဲ့ထံမှ သိရသည်။
မြောက်ဦးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို-----
ကျောက်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲကျင်းပပြုလုပ်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သိမ်တန်းရပ်ကွက် ဦးရွှေကျီး နေအိမ်ခြံဝန်းအတွင်း၌ မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။