မင်းတုန်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းဆောင်နှင့် လူနေအိမ်များ အမိုးလန်ပျက်စီး

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် မေ ၂၇ ရက်  ညနေပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၇ လုံး၊ မူ/လွန်ကျောင်းဆောင် ၂ ဆောင် အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ တိရစ္ဆာန်ပြုစုစောင့်ရှောက်ရေး ကာကွယ်ဆေးထိုးသင်တန်းဆင်းပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားမှုများ ကင်းဝေးစေပြီး သန့်ရှင်းလတ်ဆတ်သော အသား၊ ငါးနှင့် နို့ထွက်ပစ္စည်းများ ပိုမို ထုတ်လုပ်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် တိရစ္ဆာန်ပြုစုစောင့်ရှောက်ရေး ကာကွယ်ဆေးထိုးသင်တန်းဆင်းပွဲကို မေ ၂၇ ရက်  မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 
မော်လူးမြို့တွင် ဆေးစိမ်ခြင်ထောင် အခမဲ့ဖြန့်ဝေ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးမြို့ပေါ်ရပ်ကွက်နှင့် ကျန်ရှိနေသည့် ကျေးရွာများကို မေ ၂၇ ရက် နံနက် ၈ နာရီက တိုက်နယ်ကျန်းမာရေးဌာနတွင် ဆေးစိမ်ခြင်ထောင် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ဆိုင်ကယ်(၅)စီးဖြင့် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား(၁၀)ဦးအား အရေးယူ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့တွင် မေ ၂၆ ရက်က ဆိုင်ကယ်(၅)စီးဖြင့် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၀ ဦးအား ဆဒုံးမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေး ဖမ်းဆီးရမိခဲ့သည်။
ထီးချိုင့်မြို့နယ်တွင် "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်း ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူ့စကားဝိုင်းကို ------------
သုံးဘီးဆိုင်ကယ်တိမ်းမှောက်၍ အမျိုးသမီးတစ်ဦးသေဆုံး
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် တလုပ်ပင်ကျေးရွအုပ်စု၊ ကံကြီးကျေးရွာအနီးတွင် သုံးဘီး ဆိုင်ကယ် တိမ်းမှောက်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း မြို့သစ်ရဲစခန်းမှ သိရသည်။
တာမွေကြီး(ခ)ရပ်ကွက်၊ အခွန်လွတ်ဈေးအနီးတွင် ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွား
တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက်၊ အခွန်လွတ်ဈေးအနီးတွင် ယနေ့ နံနက် ၁၀ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် တာမွေမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နံနက် ၁၀ နာရီ ၅ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။