အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို ဘဏ်ခွဲ(၂၈၁)ခုတွင် Myanmar Mobile Money ဖြင့်လည်း ထုတ်ယူနိုင်

အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို မိုဘိုင်းပေးမင့် (Mobile Payment) များ အသုံးပြု၍ လွယ်ကူသက်သာစွာ ထုတ်ယူနိုင်ပြီး ဘဏ်ခွဲ(၂၈၁) ခုတွင် Myanmar Mobile Money ဖြင့်လည်း ထုတ်ယူနိုင်ကြောင်း သိရသည်။
(၁၃)ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲအခမ်းနား ကျင်းပ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ILO တို့ပူးပေါင်း၍ (၁၃)ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။ 
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်တို့နှင့် သီးခြားစီတွေ့ဆုံ
နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Dag-IngeUlstein နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် Mr. Yves Daccord နှင့်အဖွဲ့တို့အား ယမန်နေ့နံနက်ပိုင်းက Radisson Blu Hotel သီးသန့်ဧည့်ခန်းမဆောင်၌ သီးခြားစီတွေ့ဆုံသည်။
ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြား
နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့က ကျင်းပသည့် ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာညီလာခံသို့ တက်ရောက် အမှာစကား ပြောကြားသည်။
ပုပု
မြစ်ဝကျွန်းပေါ်ဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေမည်
၂၀၁၉ ခုနှစ်၊ မေလ (၂၅)ရက်နေ့ မွန်းလွဲ (၂:ဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် .......
စစ်ကိုင်းမြို့တွင် လူငယ်တစ်ဦးအား အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက် ဓားဖြင့်ထိုးခဲ့ရာတွင် ပါဝင်ခဲ့သည့် လူငယ်တစ်ဦးကို ထပ်မံဖမ်းဆီးရမိ
စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်တွင် မေ ၂၂ ရက်နေ့ ည (၁၀) နာရီခွဲအချိန်ခန့်က လူငယ်တစ်ဦးအား အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ဓားဖြင့် ထိုးခဲ့သရာတွင် ပါဝင်ခဲ့သည့် ..........