ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကျိုင်းတုံခရိုင်ရုံးအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မေ (၂၅) ရက် မွန်းလွဲပိုင်းက ကျိုင်းတုံခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးများ၊ တွဲဖက်ပြည်နယ်ရုံးမှ ဝန်ထမ်းများ၊ ကျိုင်းတုံခရိုင်ရုံးမှ ဝန်ထမ်းများ၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ကြည့်ရှုစစ်ဆေးခဲ့သည်။
လာမည့်ရက်များအတွင်း မြစ်ဝကျွန်းပေါ်ဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေမည်

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၅ မေ

မြန်မာအသင်းများကို ဆီးကြိုနေသည့် နိုင်ငံတကာပြိုင်ပွဲများ
မြန်မာ့လက်ရွေးစင်အသင်းနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင် အသင်းများသည် ပထမနှစ်တစ်ဝက်တွင် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့သလို ဒုတိယနှစ်တစ်ဝက်တွင်လည်း နိုင်ငံတကာပြိုင်ပွဲများက ဆီးကြိုလျက်ရှိသည်။ 
နွေရာသီ အခြေခံကြက်တောင် သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကျင်းပ

 

သက္ကယ်ကျင်း- ဖောင်းပြင်- ဟုမ္မလင်း- ခန္တီး လမ်းပေါ်ရှိ ပေ (၁၈၀) အထက် နမ့်ပဂွန်တံတားနှင့် နမ့်စပိတံတားနှစ်စင်း ဖွင့်လှစ်မည်

မုံရွာ ၂၅  မေ

ပြင်ဦးလွင်မြို့ရှိ  ကန်တော်လေးရေကန်အတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကန်တော်လေးရေကန် သန့်ရှင်းသာယာလှပစေရေးအတွက်   ပြင်ဦးလွင် တပ်နယ်မှူး ဦးဆောင်သော စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှူရေးအသင်းအဖွဲ့များ၊ စည်ပင်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၈၂၃) ဦးခန့်သည်  ယနေ့နံနက် (၇) နာရီက ရေကန်အတွင်းနှင့် ရေကန်ဘောင်တစ်လျှောက် သန့်ရှင်းသာယာလှပရေး စုပေါင်းလုပ်အားပေးခဲ့ကြကြောင်း သိရသည်။