မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့မှ ကြီးမှူး၍ Myanmar Zwe Mann Co.,Ltd မှ အဓိကကူညီပံ့ပိုးမှုဖြင့် ပြုလုပ်သည့် ၂၀၁၉ မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမပွဲစဉ် (မော်လမြိုင်) ပထမနေ့နှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ရွှေနတ်တောင် ဂေါက်ကွင်း၌ ကျင်းပခဲ့သည်။