အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မွန်းလွဲပိုင်းထုတ်ပြန်ချက်အရ မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိမြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
နမ့်ခမ်းမြို့၌ ဖယောင်းတိုင်မီးလဲကျရာမှ စတင်ကာ နေအိမ်တစ်လုံး မီးလောင်ကျွမ်း
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊အမှတ်(၈) ရပ်ကွက်၊ ပေါက်နေရပ်တွင် နေထိုင်သူ ဦးစိုင်းအိုက်ပီး(ခ) စိုင်းဇော်ဇော်လတ်၏ နေအိမ်တွင် ယနေ့ နံနက်(၄) နာရီက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသည်။ 
ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်း
ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်းရှိ ထာဝရငြိမ်းချမ်းရေး စေတီတော်တည်ထား ကိုးကွယ်ရန်အတွက် ------------
ရေရှားပါးသော အောင်သာယာ ကျေးရွာသို့ မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ လှူဒါန်း
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ရေရှားပါးသော အောင်သာယာ ကျေးရွာသို့  ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်စင်ဦးစီး၍ တပ်ဖွဲ့ဝင် (၇)ဦး၊ ကျီးကန်းပြင်နယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး မောင်ထွေးဦးဆောင်၍ တပ်ဖွဲ့ဝင် (၅)ဦးတို့မှ မီးသတ်ယာဉ် (၂)စီးတို့ဖြင့် နွေရာသီသောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
မကွေးမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား  ကယ်ဆယ်ရေးအစ္စည်းများထောက်ပံ့
မကွေးမြို့နယ်တွင် မေ ၂၀ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ်များမှ လေဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
E- Government အထောက်အကူပြု နည်းပညာ ဟောပြောပွဲ မုံရွာမြို့၌ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် MCPA တို့ ပူးပေါင်းကျင်းပသော E-Government အထောက်အကူပြု နည်းပညာဟောပြောပွဲကို မြို့တော်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။