သီပေါ-ကျောက်မဲ နောင်အန်းကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး၊ သီပေါ၊ လားရှိုး၊ မူဆယ် ပြည်ထောင်စုလမ်းမကြီး သီပေါမြို့နယ် နောင်အန်းကျေးရွာအနီး မိုင်တိုင် (၁၁၈/၃)တွင် ယနေ့နံနက် ၅ နာရီခွဲက ယာဉ်မောင်း ဝင်းမင်းထိုက် မောင်းနှင်၍ ရန်ကုန်မှ မူဆယ်သို့သွားမည့် ဂျူဗီတာခရီးသည်တင်ယာဉ်အမှတ်…. သည် အရှိန်လွန်ပြီး လမ်းဘေးသို့ တိမ်းမှောက်သွားခဲ့သည်။
အမျိုးသမီးများတွင် အဖြစ်များသည့် သားအိမ်ခေါင်း ကင်ဆာရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်
မိုင်းပန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကုသရေးဦးစီးဌာနတို့မှ ကြီးမှူးပြုလုပ်သည့် အမျိုးသမီးများတွင် အဖြစ်များသည့် သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာပညာပေး ဟောပြောပွဲကို ယမြန်နေ့ ည ၇ နာရီက မွေတော် ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စုတွင် ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၁)လုံး ပြိုကျ၊ လူနေအိမ် (၂၁)လုံး အမိုးလန်ပျက်စီး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စုအတွင်း ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် မေလ ၂၁ ရက် ည ၆ နာရီခွဲက လူနေအိမ် (၃၂) လုံး ပြောင်းရွှေ့ခဲ့ရသည်။
ရပ်တန့်ထားသော အာလူးကုန်များတင်ထားသည့်ယာဉ် မီးလောင်မှုဖြစ်ပွား
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့၊ အောင်မင်္ဂလာရပ်ကွက် "ကောင်းသတင်း" ဓါတ်မြေသြဇာဆိုင်အနီးတွင် ယနေ့ နံနက် (၂) နာရီ (၅၅) မိနစ်ခန့်က ရပ်တန့်ထားသော အာလူးများတင်ထားသည့်ယာဉ် တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။    
ကျွန်းစု၌ မြို့မဈေးအဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့က ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ကျွန်းစုမြို့မဈေးအတွင်း၌ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနနှင့် စေတနာရှင်များပူးပေါင်းပြီး သောက်သုံးရေ ဖြန့်ဝေလှူဒါန်း
ပခုက္ကူခရိုင် ဘေးစီမံဌာနနှင့်စေတနာရှင်များပူးပေါင်းပြီး မေလ ၂၁ ရက်တွင် သောက်သုံးရေ ရှားပါးနေသော ဒေသများသို့  သောက်သုံးရေဖြန့်ဝေလှူဒါန်းခဲ့သည်။
ရန်ကုန်မြို့၏ အရေးပါသော အမွေအနှစ် အဆောက်အအုံများ၏ သမိုင်းပြပွဲကျင်းပ
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ ပထမထပ်ရှိ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရုံးခန်းတွင် ရန်ကုန်မြို့၏ အရေးပါသော အမွေအနှစ် အဆောက်အအုံများ သမိုင်းပြပွဲကို မေ ၂၁ ရက် ညနေ ၆ နာရီကကျင်းပခဲ့သည်။