အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက်  (JICA MSME Two-Step Loan) ချေးငွေများအား မြန်မာ့စီးပွားရေးဘဏ်တွင် လျှောက်ထား ရယူနိုင်ကြောင်း (MSMEs)  လုပ်ငန်းရှင်များသို့ အသိပေးကြေညာခြင်း

မြန်မာ့စီးပွားရေးဘဏ်သည် မြန်မာနိုင်ငံတဝှမ်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၏  ---------
အကျဉ်းသား၊ အကျဉ်းသူများကို လွတ်သက်သာခွင့် ပြု၊ အင်းစိန် ဗဟိုအကျဉ်းထောင်မှ ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးနှင့်သရုပ်ဆောင် မိုးအောင်ရင်တို့ ပြန်လည်လွတ်မြောက်
အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူများအား နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ယနေ့နံနက်ပိုင်းက လွတ်ငြိမ်းသက်သာခွင့် ပြုလျက်ရှိရာ ရန်ကုန်မြို့ ၊ အင်းစိန် ဗဟိုအကျဉ်းထောင်မှ လွတ်မြောက်လာသူများအနက် ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးနှင့် သရုပ်ဆောင် မိုးအောင်ရင်တို့ ပါဝင်ကြောင်း အဆိုပါ အကျဉ်းထောင်မှ သိရသည်။
တောင်တွင်းကြီး မြို့မဈေးအတွင်း စာသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ မရှိ စစ်ဆေး
တောင်တွင်းကြီးမြို့ မြို့မဈေးအတွင်းရှိ စားသောက်ကုန် အရောင်းဆိုင်များတွင် ယနေ့ နံနက် ၁၀ နာရီက စာသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ မရှိ ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ချောင်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးပြုလုပ်
ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ချောင်းတစ်လျှောက်ရှိ စည်းကမ်းမဲ့စွန့်ပစ်သည့် အမှိုက်များ၊ အညစ်အကြေးများကို မေ  ၇ ရက်က စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာအကျဉ်းထောင်မှ အကျဉ်းသား(၈၀)ဦးနှင့် အကျဉ်းသူ(၁၁)ဦး လွတ်ငြိမ်းသက်သာခွင့်ရရှိ
နိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် မိတ္ထီလာအကျဉ်းထောင်မှ အကျဉ်းကျခံနေရသူ အကျဉ်းသား (၈၀)ဦးနှင့် အကျဉ်းသူ (၁၁)ဦး စုစုပေါင်း (၉၁)ဦး ယနေ့ နံနက်ပိုင်းက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ရရှိခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့၌ ဖုန်းအားသွင်းထားရာမှ မီးလောင်မှုဖြစ်၊ နှစ်ဦးသေဆုံး
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့ မြို့မဈေးအနီးရှိ စေတနာ ဖုန်းအရောင်းဆိုင်နှင့် မြတ်သူဇာ ကုန်စုံဆိုင်၌ ယနေ့ နံနက်  ၄ နာရီ ၃၆ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ချေးငွေဖြင့် သိုး၊ ဆိတ်နှင့် ဝက် မွေးမြူခြင်းလုပ်ငန်းများ အောင်မြင်လျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ကိုးတောင်ကန်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ချေးငွေဖြင့် မွေးမြူသော သိုး၊ ဆိတ်နှင့် ဝက်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်းရသဖြင့် တောင်သူများ အဆင်ပြေလျက် ရှိကြောင်း ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းထံမှ သိရသည်။