အောင်လံမြို့၌ စာကြည့်တိုက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်းကျွမ်းကျင်သော စာကြည့်တိုက်မှူးများ ဖြစ်ပေါ်လာစေရေးတို့အတွက် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးဆောင်ရွက်သော စာကြည့်တိုက် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန ၊ Asia Foundation နှင့် MBAPF တို့ ပူးပေါင်း စီစဉ်သည့် Mobile Information Literacy သင်တန်းဖွင့်လှစ်
ပြန်ကြားရေးဝန်ကြီးဌာန၊ Asia Foundation နှင့် Myanmar Book Aid and Preservation Foundation (MBAPF)တို့ ပူးပေါင်းစီစဉ်သည့် Mobile Information Literacy သင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း သင်တန်းခန်းမ၌ ဖွင့်လှစ်ပို့ချလျက်ရှိရာ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်သင်ကြားသည်။
နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် သထုံအကျဉ်းထောင်မှ အကျဉ်းသား ၁၁ ဦး လွတ်မြောက်
နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား အကျဉ်းသူ (၆၅၂၀) ဦးအား ယနေ့ နံနက်ပိုင်းက လွတ်ငြိမ်းသက်သာ ခွင့်ပေးခဲ့ရာ မွန်ပြည်နယ် သထုံမြို့ရှိ သထုံအကျဉ်းထောင်မှ အကျဉ်းသား ၁၁ ဦး လွတ်ငြိမ်းခွင့် ရရှိခဲ့ကြောင်း သိရသည်။
နွေနှမ်းစိုက်ပျိုးရာသီတွင် တစ်ပိုင်တစ်နိုင် ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေလျက်ရှိ
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်နှင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် နွေသီးနှံ နှမ်းစိုက်ခင်းများကို အမှီပြု၍ တစ်ပိုင်တစ်နိုင် ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသူများ ပျားရည်အထွက်နှုန်း ကောင်းမွန်၍ အဆင်ပြေလျက်ရှိကြောင်း မကွေးမြို့နယ်မှ ပျားမွေးမြူရေးလုပ်ငန်း လာရောက်လုပ်ကိုင်သည့် လုပ်ငန်းရှင်များထံမှ သိရသည်။
ခင်ဦးမြို့နယ်၌  စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဖွင့်ပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၇ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့၌ မှိုမျိုးစုံ စိုက်ပျိုးထုတ်လုပ်နည်းသင်တန်းဖွင့်
မှိုမျိုးစုံ စိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို မေ ၆ ရက်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကသာမြို့တွင် မိုးဦးကျ ပဲပုရစ်များ ဈေးကွက်အတွင်းသို့ရောက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင်  မိုးပုရစ်ခေါ် ပဲပုရစ်များအား မြေပဲခင်းများ ခူးဆွတ်ချိန်၌  စတင်အရောင်းအဝယ် ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။