နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် မေ ၅ ရက် နံနက် ၈ နာရီက ဆရာမဒေါ်မြလေး ဘော်ဒါကျောင်းဆောင်ရှိ ကျောင်းသားကျောင်းသူများနှင့် ပရဟိတလူငယ်များ စုပေါင်း၍ သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြသည်။




