ပြောင်းဖူး၊ စပါးနှင့် ဟင်းသီးဟင်းရွက်အပါအဝင် သီးနှံအမျိုးပေါင်း ၈၀ ကျော်တွင် ကျရောက်ဖျက်ဆီးတတ်သော 'ဖော' ငမြှောင်တောင် သီးနှံဖျက်ပိုးကျရောက်မှုကို ထိရောက်စွာ ကြိုတင်ကာကွယ် နှိမ်နင်းနိုင်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ယမန်နေ့ နေ့လယ်ပိုင်းတွင် ဇာဟောကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။