သန်လျင်မြို့သို့ ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်လေ့လာ

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ သန်လျင်မြို့သို့ ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်၍ ယခင်က ပြည်သူများအသုံးများခဲ့သည့် အနှေးယာဉ် ဆိုက်ကားနှင့် မြင်းလှည်းများအား စိတ်ဝင်စားစွာ လာရောက်စီးနင်းလျက်ရှိကြောင်း သိရသည်။
လူငယ်ဘောလုံး အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ U-14 ဘောလုံးပြိုင်ပွဲ ကျင်းပမည်
မန္တလေးတိုင်းအတွင်း လူငယ်ဘောလုံး အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ U-14 ဘောလုံးပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများ အဖွဲ့ထံမှသိရသည်။
မြောင်းမြမြို့၌ လူငယ်နှင့် စာကြည့်တိုက်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ
လူငယ်နှင့် စာကြည့်တိုက်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ဧပြီ ၃၀ ရက် နံနက် ၁၀ နာရီက မြောင်းမြမြို့နယ် မြစန္ဒာရပ်ကွက်ရှိ မနောသုခ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လူရည်ချွန် အပန်းဖြေစခန်း (အင်းလေး-ခေါင်တိုင်) ဖွင့်ပွဲကျင်းပ
လူရည်ချွန် အပန်းဖြေစခန်း (အင်းလေး-ခေါင်တိုင်) ဖွင့်ပွဲကို ယနေ့ နံနက် ၇ နာရီခွဲက ညောင်ရွှေမြို့နယ် အင်းလေးဒေသ ခေါင်တိုင်ကျေးရွာရှိ အပန်းဖြေစခန်းတွင် ကျင်းပခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ် ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ လှူဒါန်း
မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ  မီးဘေးသင့်ပြည်သူများအား ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း (မန္တလေးမြို့)မှ သောက်ရေသန့်၊ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို ဧပြီ ၃၀ ရက်က အောင်စံပယ်နယ်မြေရှိ သာသနရက္ခိတဓမ္မာရုံတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပုပု
နွေရာသီသောက်သုံးရေ အခက်ကြုံနေသည့် မယ်ဇတောကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း
ပူပြင်းခြောက်သွေ့သော နွေရာသီကာလတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မယ်ဇတောကျေးရွာ၌ ဒေသခံပြည်သူများ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေကြောင်း သိရသဖြင့် မြို့နယ်မီးသတ်ဦးဌာနနှင့် စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုဖြင့် ဧပြီ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲက မီးသတ်ကား ရေသယ်ယာဉ်နှစ်စီး၊ လိုက်ထရပ်ကား ခြောက်စီးတို့ဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။