ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်များ မေ ၁ ရက် စတင်မည်
၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်များကို မေ ၁ ရက်တွင် စတင်ကျင်းပတော့မည်ဖြစ်သည်။
၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲကျင်းပ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်တို့ ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များ ဖြစ်ပေါ်လာစေရေး၊ စစ်တုရင်အားကစားနည်းကို ယခုထက် ပိုမိုတိုးတက်ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစား(B)ရုံ၌ ကျင်းပခဲ့သည်။
AFC Cup ပြိုင်ပွဲ အုပ်စုပွဲစဉ် (၅) ပွဲစဉ်များကို မေ ၁ ရက်တွင် ယှဉ်ပြိုင်ကစားမည်
မြန်မာကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုပွဲစဉ်(၅)ကို မေ ၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရန်ကုန်အသင်းက အဝေးကွင်း၊ ရှမ်းယူနိုက်တက် အသင်းက အိမ်ကွင်းယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဟားခါး - ဟာသာ - တောင်ခင်ရမ်းလမ်းနှင့် ဒေါင်ဗားချောင်းတံတား တည်ဆောက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေး
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးရန်  ဟားခါးမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ဟားခါး- ဟာသာ- တောင်ခင် ရမ်းလမ်းဖောက်ထားမှုနှင့် ဒေါင်ဗားချောင်း တံတားတည် ဆောက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
တတိယအကြိမ် မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ်နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာတို့အကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်နှင့် ပြည်သူများတိကျခိုင်မာသည့် သတင်းအချက်အလက်များ ပေးနိုင်ရန်တို့အတွက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဂျပန်နိုင်ငံ အအိချိခရိုင်၊ နာဂိုယာမြို့၏ မြန်မာနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ဂျပန်နိုင်ငံ အအိချိခရိုင်၊ နာဂိုယာမြို့ရှိ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ဖြစ်သူ မစ္စတာ တိုရှိအို နီရှိမူရ (Mr. Toshio Nishimura) နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။