ဒလမြို့နယ်၌ နွေရာသီ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုပေးပွဲကျင်းပ 
မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း (ရန်ကုန်တိုင်းဒေသကြီး)နှင့် ဒလသစ္စာစာကြည့်တိုက်တို့ ပူးပေါင်းစီစဉ်၍ ဒလမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကူညီဆောင်ရွက်သည့် နွေရာသီ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော်၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ ဆုများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်သီရိဇေယျနော်ရထာခန်းမ၌  ကျင်းပခဲ့သည်။
မိုးခေါင်သည့်အတွက် စစ်ကိုင်းမြို့တွင် လွန်ဆွဲပွဲ ကျင်းပ 
စစ်ကိုင်းမြို့တွင် မိုးခေါင်သည့်အတွက် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်တွင် ငရံ့မင်းပရိတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် လွန်ဆွဲပွဲကို အခုလ ၂၉ ရက်မှ စတင်ကျင်းပခဲ့ကြောင်း တကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဟန်ရှိန် ထံမှ သိရသည်။
အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း လုပ်ငန်းအပ်နှံသည့်စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအတွက် ဓာတ်အားလိုင်း၊ ထရန်စဖော်မာတည်ဆောက်ရေး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ လုပ်ငန်းအပ်နှံသည့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဂျပန်နိုင်ငံ နာဂိုယာမြို့ အအိချိခရိုင်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာတိုရှိအိုနီရှိမူရနှင့်အဖွဲ့အား တွေ့ဆုံ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဂျပန်နိုင်ငံ နာဂိုယာမြို့ အအိချိခရိုင်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ်
အာဆီယံရှေ့နေချုပ်၊ တရားရေးဝန်ကြီးနှင့် ဥပဒေရေးရာဝန်ကြီးတို့၏ (၆)ကြိမ်မြောက် အစည်းအဝေးသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့် တက်ရောက်
ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်သည် အင်ဒိုနီးရှား သမ္မတနိုင်ငံ၊ ဂျော့ဂျကာတာမြို့၌ ဧပြီ ၂၅ ရက်တွင် ကျင်းပသည့် “ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန် အကူအညီပေးရေး သဘောတူစာချုပ်နှင့် စပ်လျဉ်း၍ အာဆီယံရှေ့နေချုပ်၊ တရားရေးဝန်ကြီးနှင့် ဥပဒေရေးရာဝန်ကြီးတို့၏ (၆)ကြိမ်မြောက် အစည်းအဝေး”သို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း နယူးဇီလန်နိုင်ငံ သံအမတ်ကြီးနှင့်တွေ့ဆုံ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းသည် နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E Mr. Steve Marshall နှင့် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။