ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အမျိုးသားလွှတ်တော်သို့ လာရောက်ကြည့်ရှုလေ့လာ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်  (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ နံနက်ပိုင်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောယှားဖောင်အွာ (ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်-၁၂)၏မိတ်ဆွေ (၉)ဦးနှင့် မြဝတီမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်၍ မြို့မိ၊ မြို့ဖများနှင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများပါဝင်သည့် (၁၁)ဦးအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးသို့ လာရောက်လေ့လာကြသည်။ 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက်  ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း အာရှခြေစစ်ပွဲအောင်မြင်ရေး နောက်ဆုံးအဆုံးအဖြတ်ပွဲ ကစားမည်
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ အုပ်စု(က) နောက်ဆုံးနေ့ကို ဧပြီ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး
မြိတ်၊ မိုးကုတ်နှင့် ပင်လောင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်တပ်ဖွဲ့စု(၃၅)မြိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၈ ရက် ညနေပိုင်းတွင် မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ စပါးရွှေဝါလမ်း၌ ကျော်ကျော် (ခ) မောင်ကျော်အား စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေး ၄၆၀၅ ပြား သိမ်းဆည်းရမိခဲ့သည်။      
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြောင်းလဲလာသောနည်းပညာကို ရင်ဆိုင်ရန်နှင့် တိုးတက်မှုများပါဝင်သည့် အနာဂတ်အလုပ်အကိုင်ဆိုင်ရာ ညီလာခံသို့တက်ရောက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ယနေ့နံနက်ပိုင်းတွင် စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ပြောင်းလဲလာသော နည်းပညာကို ရင်ဆိုင်ရန်နှင့် တိုးတက်မှုများပါဝင်သည့် အနာဂတ်အလုပ်အကိုင်ဆိုင်ရာအထူး အစီအစဉ်နှင့်ညီလာခံသို့ တက်ရောက်သည်။