ပုသိမ်အကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၇၉ ဉီး လွတ်ငြိမ်းသက်သာခွင့်ရရှိ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်အကျဉ်းထောင်မှ ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ကျဉ်းသား ၇၂ ဦးနှင့် အကျဉ်းသူ ၉ ဦး စုစုပေါင်း ၇၉ ဦး လွတ်ငြိမ်းသက်သာခွင့် ရရှိခဲ့ကြောင်း သိရသည်။
၁၃၈၁ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ပေါင်းလောင်မြစ်ကမ်းတစ်လျှောက် အပန်းဖြေရေကစားသူများဖြင့် စည်ကား
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ပြီးဆုံးပြီဖြစ်၍ ၁၃၈၁ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းမြစ်ကမ်းတစ်လျှောက်တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်။    
အတာသင်္ကြန်ပွဲတော် ရုံးပိတ်ရက်ရှည်ကာလများတွင် သထုံမြို့ရှိ အထင်ကရစေတီတော်များ၌ ခရီးသွားများဖြင့် စည်ကား
မွန်ပြည်နယ်၊ သထုံမြို့၏ စေတီပုထိုးများနှင့် သမိုင်းဝင်အထင်ကရနေရာများတွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ရုံးပိတ်ရက်ရှည်ကာလအတွင်း ကုသိုလ်ပြုဘုရားဖူးရန်နှင့် အပန်းဖြေ အနားယူရန် အနယ်နယ်အရပ်ရပ်မှ ခရီးသွားများဝင်ရောက်လာမှုကြောင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။ 
မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အဖြစ် ဗဟိုအကျဉ်းထောင် (မန္တလေး) တွင် အကျဉ်းကျခံနေရသည့် အကျဉ်းသား ၄၃၀ ကျော် လွတ်ငြိမ်းသက်သာခွင့်ပြု
မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အဖြစ် ဗဟိုအကျဉ်းထောင် (မန္တလေး) တွင် အကျဉ်းကျခံနေရသည့် အကျဉ်းသား ၄၃၀ ကျော်ကို ယနေ့တွင် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း ဗဟိုအကျဉ်းထောင် (မန္တလေး) မှ သိရသည်။
နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ဖြင့် သထုံအကျဉ်းထောင်မှ အကျဉ်းသား ၄၃ ဦး လွတ်မြောက်
နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသားအကျဉ်းသား/သူ (၉၅၃၅) ဦးအား ဧပြီ ၁၇ ရက်က လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ရာ မွန်ပြည်နယ်၊ သထုံမြို့ရှိ သထုံအကျဉ်းထောင်မှ နိုင်ငံသားအကျဉ်းသား ၄၃ ဦး လွတ်ငြိမ်းခွင့် ရရှိခဲ့ကြောင်း သိရသည်။
ခန္တီးမြို့ အကျဉ်းထောင်မှ အကျဉ်းသား ၂၈၆ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ
ခန္တီမြို့ အကျဉ်းထောင်တွင် နိုင်ငံသား အကျဉ်းသား အကျဉ်းသူ ၂၈၆ ဦးအား ရာဇဝတ် ကျင့်ထိုးဥပဒေ ပုဒ်မ ၄၀၁/ ပုဒ်မခွဲ ၁ အရ စည်းကမ်းချက်မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့်ကို ဧပြီ ၁၇ ရက် မွန်းတည့် ၁၂ နာရီက လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဧပြီ ၁၇ ရက် နံနက် ၄ နာရီခွဲက စေတီတော်အထက်ပစ္စယံ၌ ကျင်းပခဲ့သည်။