စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တက်ရောက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ မြန်မာသက္ကရာဇ် ၁၃၈၁-ခု၊ မြန်မာနှစ်ဆန်းတစ်ရက် ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည့် (၅၅)ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီး ပူဇော်ပွဲသို့တက်ရောက်ပြီး သက်ကြီးဘိုး၊ ဘွားများအား ပူဇော်ကန်တော့ပြီး လှူဖွယ်ပစ္စည်းများလှူဒါန်းသည်။
မိတ္ထီလာတွင် သက်ကြီးဘိုးဘွား ပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ
မိတ္ထီလာမြို့တွင် သက်ကြီးအဘိုးအဘွားများအား ပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကို ကန်တော်မင်္ဂလာခန်းမနှင့် မိတ္ထီလာကန် အနီးတွင် ဧပြီ ၁၇ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက် ၈ နာရီက ကျင်းပကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အသက် (၉၀)ကျော် အဘိုး၊ အဘွားများအား ယနေ့နံနက် ၉ နာရီက အလှူငွေနှင့် ပစ္စည်းများကို ပေးအပ်လှူဒါန်း
dd
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ပေါ် ရပ်ကွက်အတွင်းရှိ အသက် ၈၀ နှင့်အထက် ဘိုးဘွား ၄၉ ဦးတို့အား ယနေ့ ၁၃၈၁ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက လှူဒါန်းထောက်ပံ့ငွေနှင့် ဆေးဝါးအသုံးအဆောင် ပစ္စည်းများဖြင့် ပူဇော်ကန
d
ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်၌ ကယားပြည်နယ် အစိုးရအဖွဲ့၏ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာမဟာသင်္ကြန် နှစ်သစ်ကူး ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပ
ကယားပြည်နယ်အစိုးရအဖွဲ့၏ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာမဟာသင်္ကြန် နှစ်သစ်ကူးဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီ ပူဇော်ပွဲ တွံတေး၌ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့၏ ကျက်သရေဆောင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အရှေ့ဘက်ရင်ပြင်ထက်၌ (၄၅၄)ကြိမ်မြောက် ရှမ်းရိုးရာဓလေ့နှစ်ဦး သဲပုံစေတီ တည်ထားပူဇော်ပွဲကို ဧပြီ ၁၇ ရက် (မြန်မာ့နှစ်ဆန်းတစ်ရက်)နေ့ နံနက် ၅ နာရီမှ စတင်ကျင်းပခဲ့သည်။
ကော့သောင်းမြို့၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ကန့်တော့ပွဲ ကျင်းပ
ကော့သောင်းမြို့၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကို ကော့သောင်းမြို့၊ မြို့မဆိပ်ကမ်းတံတား၌ ယနေ့နံနက် (၇)နာရီက ကျင်းပပြုလုပ်ရာ