ရှမ်းယူနိုက်တက်နှင့် ဘင်ဒေါင်းအသင်း ဧပြီ ၁၆ ရက်တွင် ကစားမည်

၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုပွဲစဉ် (၄) အဖြစ် ဗီယက်နမ်ကလပ် ဘင်ဒေါင်းအသင်းနှင့် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် ဧပြီ ၁၆ ရက်  မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ
မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း စတင်ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် ၂၀၂၃ အာရှ ဖလားခြေစစ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
တန့်ဆည်မြို့နယ်  ရွာငယ်ကြိုးပြင်ကာကွယ်တောအတွင်း  ဒီဇယ်ဆီပီပါ  တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင်  တန့်ဆည်မြို့နယ်နှင့် တောကျင်ကြား ရွာငယ်ကြိုးပြင် ကာကွယ်တောအတွင်းတွင် ဧပြီ ၁၁ ရက် ညပိုင်းက ဒီဇယ်ဆီပေပါ ၆၇ လုံး တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး  တာယာအပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း  ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
မဟာသင်္ကြန် ပွဲတော်(အကြတ်နေ့) ရေပက်ကစားကြသူများ စတုဒိတာကျွေးမွေးလှူဒါန်းကြသူများဖြင့် မန္တလေးမြို့တော်တစ်ခွင် အထူးစည်ကား
မြန်မာရိုးရာမဟာ သင်္ကြန်ပွဲတော် (အကြတ်နေ့)တွင် မန္တလေးမြို့ နေရာအနှံ့ အပြား၌ ရေပက်ကစားကြသူများ စတုဒိတာ ကျွေးမွေးလှူဒါန်းကြသူများ ကောင်းမူကုသိုလ်ပြုသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရှိရသည်။
ရန်ကုန်သင်္ကြန် အကြတ်နေ့တွင် လမ်းလျောက်သင်္ကြန်၊ မဏ္ဍပ်ကြီးများနှင့် လမ်းမကြီးများပေါ်၌ သင်္ကြန် ရေကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် အထူးစည်ကား
၁၃၈၀ ပြည့်နှစ် မဟာသင်္ကြန်ရေ သဘင်ပွဲတော် အကြတ်နေ့တွင် ရန်ကုန်မြို့၌ လမ်းလျောက် သင်္ကြန်နှင့်အတူ  မဏ္ဍပ်ကြီးများနှင့် လမ်းမကြီးများပေါ်၌ သင်္ကြန် ရေကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် အထူးစည်ကား လျက်ရှိသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း နိုင်ငံတကာသံတမန်အဖွဲ့များနှင့်အတူ မန္တလေးသင်္ကြန်ပွဲတော် (အကြတ်နေ့)တွင် ပါဝင်ဆင်နွှဲ
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်းတို့သည် ယနေ့ (သင်္ကြန်အကြတ်နေ့) နံနက်ပိုင်းတွင် နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ အကြီးအကဲများ၊ သံတမန်အဖွဲ့မိသားစုဝင်များနှင့်အတူ မန္တလေးမြို့၌ ကျင်းပသည့် မြန်မာ့ ရိုးရာမဟာသင်္ကြန် အတာရေသဘင်ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။
သောင်လယ်ကျေးရွာတွင် သက်ကြီးပူဇော်ပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာအုပ်စု သောင်လယ်ကျေးရွာတွင် ၂၀၁၉ ခုနှစ် မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ နံနက် ၈ နာရီက  ၁၃ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပ ခဲ့ကြောင်း သိရသည်။