ဇီးကုန်းမြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ
သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဘေးလျှော့ပါးစေရေးနှင့် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်စေရန်အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် တောင်ပို့သာယာအုပ်စု ပေါက်ပင်ဆိပ်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ လွှဲပြောင်းပေးအပ်
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ ကျပ်သန်း(၁၀ဝ) လွှဲပြောင်းပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တမူး၊ ပင်လည်ဘူး၊ ဖောင်းပြင်နှင့် အင်းတော်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်တပ်ဖွဲ့စု(၇) တမူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းတွင် တမူးမြို့နယ်၊ ရန်တိုင်းအောင်ကျေးရွာအထွက်၊ တမူး-ကလေးကားလမ်း၌ ဆွန်ဒါရ် (ခ) မောင်တူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဆပ်ပြာခွက် ၁၃ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၁၄၃ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
၂၀၁၉ ခုနှစ်၊ မတ်လအတွင်း ပြည်ပသို့ တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၂၂၀ဝ၀ ကျော်နှင့် ပြည်တွင်းအလုပ်နေရာ ၂၁၀ဝ၀ ကျော်အား ခန့်ထားနိုင်ခဲ့
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး ကဏ္ဍသက်ဆိုင်ရာ ဌာနများမှ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို TV Program ရိုက်ကူးနိုင်ရန် ညှိနှိုင်းအစည်းအဝေး ကျင်းပ
နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍတွင် သက်ဆိုင်ရာဌာန အသီးသီးမှ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို -----------